စစ်ထဲဝင်ဖို့ ကိုယ်တွေ့ စစ်ဆေးမှုအတွက် မျက်လုံးခွဲစိတ်မှု လုပ်ချင်တဲ့ ဂျီချန်းဝူး 😘💞👦


Feb 2 ရက်မှာလုပ်ခဲ့တဲ့ အင်တာဗျူး တစ်ခုမှာ ချန်းဝူးဟာ အခုအချိန်မှာ သူ့ရဲ့ တစ်ခုတည်းသော Plan က စစ်ထဲဝင်ဖို့ လို့ပြောပါတယ် ။ 
ချန်းဝူးက ” ကျွန်တော် အချိန်တိုင်း အလုပ်တွေကို မရပ်မနားကြိုးစားခဲ့တယ် ။ စစ်ထဲဝင်လိုက်တာက ကျွန်တော့်ကို စိတ်ဓာတ်ခွန်အားတွေ ပြန်ရစေမယ် လို့ထင်ပါတယ် ။ ကိုယ့်တွေ့စစ်ဆေးမှုမှာ ကျွန်တော့်ရဲ့ အမြင်အာရုံ ချို့ယွင်းမှုကြောင့် တတိယတန်းပဲ ရပါတယ် ။ ဒါပေမယ့် လေဆာ ကုသမှုခံယူလိုက်မယ်ဆိုရင်တော့ ကျွန်တော် ပထမတန်းလောက်ရနိုင်မယ် ထင်ပါတယ် ။ ကျွန်တော် စစ်တပ်ထဲမှာ သာမန် ဘဝအတွေ့အကြုံကို ရရှိမယ် ထင်ပါတယ် ” လို့ပြောပါတယ် ။ 
ချန်းဝူးဟာ Drama တွေ ၊ သီချင်းတွေနဲ့ ရုပ်ရှင်တွေမှာ တက်တက်ကြွကြွ ပါဝင်သရုပ်ဆောင်တဲ့ အမျိုးသားသရုပ်တောင် တစ်ဦးဖြစ်ပါတယ် ။ ဆက်လက်ပြီး ” စစ်ထဲဝင်တာကတော့ လုပ်ကို လုပ်ရပါမယ် ။ ကျွန်တော့် ပတ်ဝန်းကျင်က လူတွေလည်း စစ်မှု ထမ်းရတာပါပဲ .. ။ ဒါနဲ့ပတ်သတ်ပြီး ဘာမှပူဆွေး သောက ဖြစ်နေမှာ မဟုတ်ပါဘူး ” လို့ပြောပါတယ် ။ 
ချန်းဝူး ပါဝင်သရုပ်ဆောင်ထားတဲ့ Fabricated City ဇာတ်လမ်းကတော့ February 9 ရက်နေ့မှာ စတင်ထွက်ရှိမှာဖြစ်ပြီး ဒီဇာတ်လမ်းမှာတော့ ချန်းဝူး ဟာ independent Scene တွေ များမှာဖြစ်ပါတယ် ။ 
💚 Hangura is Beside You ! 💚
💛 Korea Celebrities Fans 💛
❤ Instagram :: kcele_fans

Advertisements