ဂျီချန်းဝူးရဲ့ အသစ်ထွက်ရှိမယ့် Fabricated City အကြောင်းအင်တာဗျူး တစ်ခုမှာ သူ့ရဲ့ သာမန်နေထိုင်မှုပုံစံကိုမေးလိုက်ပါတယ် ။ ချန်းဝူးသည် Melodrama များနှင့် Action ဇာတ်လမ်းများကြားတွင် ကွဲပြားမှုများရှိနေသည် ။ ချန်းဝူးသည် တိုက်ခိုက်စွမ်းရည် ၊ ကားမောင်းစွမ်းရည်များကို မြှင့်တင်နေပြီး သူ့ရဲ့ action ပိုင်းသရုပ်ဆောင်မှုကိုလည်း ဂျိန်းစဘွန်းနှင့် နှိုင်းယှဉ်လေ့ရှိသည် ။ 

” ကျွန်တော်က ခပ်ပျော့ပျော့ .. နူးနူးညံ့ကောင်လေးတစ်ယောက်ပါပဲ ။ ရှက်လည်းရှက်တတ်တယ် .. ပြီးတော့ စကားလည်း အများကြီးမပြောဖြစ်ဘူး ။ ကျောင်းတုန်းကဆိုရင် ကျွန်တော်က အေးတိအေးစက်နဲ့ ပေါင်းဖို့ခက်တဲ့ သာမန်လူတျောက်ပါပဲ ။ ဒါပေမယ့်ကျွန်တော်က Body Exercise တွေလုပ်တယ် ။ ဒါကြောင့်လဲကျွန်တော်နဲ့ Action ဇာတ်လမ်းတွေနဲ့ ပိုလိုက်ဖက်တာထင်ပါတယ် ။ ရုပ်ပိုင်းဆိုင်ရာတော့ နည်းနည်း အကြမ်းဘက်ပါတာပေါ့ ” ဟု သူ့ရဲ့ သာမန်ဘဝအကြောင်းကို ပြောသွားသည် ။ 

ချန်းဝူးသည် သာမန်အားဖြင့် ထိုကဲ့သို့ အေးတိအေးစက်ဟုပင် ထင်စရာမရှိ ။ တောင့်တင်းသော ခန္ဓာကိုယ် ၊ ချောမောသော မျက်နှာထားတို့ကြောင့် အပေါင်းအသင်းနည်းသည်ဆိုသည်မှာ ယုံနိုင်ဖွယ်ပင်မရှိချေ။

ချန်းဝူးဟာ ဇာတ်လမ်းတွေရိုက်ရာမှာလည်း ဟာသလေးတွေလုပ်လေ့ရှိပါတယ် ။ သူဟာ ပျော်တတ်သူဖြစ်ပြီး အဲလိုဟာသလေးတွေက သူ့ကို Physical Exercise လုပ်တဲ့အခါ ပင်ပန်းတာတွေ ပြေပျောက်စေပါတယ် ။

ဆက်လက်ပြီး သူက သူ့ရဲ့ Stress တွေကို ဘယ်လိုလျော့ချသလဲဆိုတာ ပြောခဲ့ပါတယ် ။ ချန်းဝူးဟာ မော်တော်ဆိုင်ကယ် မောင်းရတာကို နှစ်သက်သူလည်း ဖြစ်ပါတယ် ။ ” ကျွန်တော့်မှာ ၃ စီးရှိတယ် ။ ၁ စီးကိုတောင်မှ ၁ ခါပဲ ကျွန်တော်စီးဖြစ်တယ် ။ ကျွန်တော် အီတလီကို သူငယ်ချင်းတွေနဲ့အတူ ခရီးထွက်ချင်ပါတယ် ။ Milan နဲ့ ဆိုင်ကယ်တွေ လေ့လာချင်တယ် ။ လမ်းပေါ်မှာ လွတ်လွတ်လပ်လပ်ဆိုင်ကယ်စီးရတာက ဖိစီးမှုတွေကို ပေါ့ပါးသွားစေတယ် ။ ဆောင်းတွင်းပြီးသွားတိုင်း ကျွန်တော် သူငယ်ချင်းတွေနဲ့ လမ်းပေါ်မှာ ဆိုင်ကယ်စီးချင်မိပါတယ် ။ ”

” ကျွန်တော် ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ အနုပညာအလုပ်တွေကို ဆက်လုပ်သွားချင်ပါတယ် ။ ကျွန်တော့်ရဲ့ Fabricated City လေးကိုလည်း ပရိတ်သတ်တွေတော်တော်များများ ကြိုက်ဖို့မျှော်လင့်ပါတယ် ” လို့ သူ့ရဲ့ 2017 မျှော်လင့်ချက်ကို ပြောသွားပါတယ် ။

💚 Hangura is Beside You! 💚

💛 Korea Celebrities Fans 💛

Advertisements