Park Hae Jin ( ပက်ခ်ဟေဂျင် ) Biography 

  • Name – Park Hae Jin
  • Birthdate – 1 . May . 1983
  • Role – Actor , Model
  • Height – 186 cm ( 6′ 1″ )
  • Weight – 73 Kg ( 141 lb )
  • Agency – Mountain Movement (formerly WM Company)


Park Hae Jin ( ပက်ခ်ဟေဂျင် ) ကို ၁၉၈၃ ခုနှစ် မေလ တစ်ရက်နေ့ ၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာမွေးဖွားပါတယ် ။ ဟေဂျင်ဟာ အခုဆိုရင် အသက် ၃၃ နှစ်ရှိနေပြီ ဖြစ်ပေမယ့် အရပ် ၆ ပေကျော် ထောင်ထောင်မောင်းမောင်း လူငယ်တစ်ယောက်အဖြစ် နုပျိုနေဆဲပါ ။ ဟေဂျင်ရဲ့ အနုပညာ Agency ကတော့ Mountain Movement (formerly WM Company) ဖြစ်ပြီး 2006 ခုနှစ်မှာ KBS Weekly Drama Famous Chil Princesses ကနေ ဝင်ရောက်ခဲ့တာဖြစ်ပါတယ် ။ 



ဟေဂျင်ဟာ မိသားစုအရေးနဲ့ ပတ်သတ်လို့ ကံဆိုးသူတစ်ဦး ဖြစ်ပါတယ် ။ သူငယ်စဉ်ကတည်းက မိဘတွေ ကွဲသွားခဲ့ပြီး ၁၇ နှစ်အကြာမှ သူ့မိခင်နဲ့ ပြန်လည် ဆုံတွေ့ခဲ့တာ ဖြစ်ပါတယ် ။ ဟေဂျင်ဟာ ဖိနပ်တွေ ( အထူးသဖြင့် Shoe တွေ ) စုဆောင်းရတာ ဝါသနာပါသူဖြစ်ပြီး သူ့မှာ ခြေအိတ် အစုံပေါင်း ၁၈၀၀ ကျော်ရှိတယ်လို့ ဝန်ခံထားပါတယ် ။ 


ဟေဂျင်ဟာ Drama ဇာတ်လမ်းပေါင်း ၁၇ ကား ၊ ရုပ်ရှင် ၃ ကား ၊ Variety Program ၃ ခု နဲ့ Music Video ၂ ခု ပါဝင် သရုပ်ဆောင်ထားပါတယ် ။ သူ့ရဲ့ ကောင်းမွန်တဲ့ အနုပညာ အရည်အချင်းတွေကြောင့် Best New Actor , Drama Award အစရှိတဲ့ အနုပညာဆုပေါင်း ၁၉ ဆုကိုလည်း ရရှိထားပါတယ် ။ 



ပရဟိတ နဲ့ ပတ်သတ်ရင်လည်း ရက်ရောသူဖြစ်ပါတယ် ။ Charities Angel ဆိုတဲ့ အဖွဲ့အစည်းကနေတဆင့် ပရဟိတ အဖွဲ့တွေကို ငွေအမြောက်အများ လှူဒါန်းခဲ့ပါတယ် ။ တရုတ်နိုင်ငံမှာ ပရဟိတ အလုပ်ဆုံး မင်းသား ၁၀ ဦးကို ပေးတဲ့ Civic Public Welfare Award ကိုလည်း ၂၀၁၄ ခုနှစ်က ရရှိခဲ့ပါသေးတယ် ။ ၂၀၁၄ ခုနှစ်ကလည်း ဝမ် သန်း၁၀၀ လောက် လှူဒါန်းခဲ့ပါသေးတယ် ။ 


၂၀၁၁ ခုနှစ်ကတည်းက အခုထက်ထိ ပက်ခ်ဟေဂျင် ဟာ စုစုပေါင်း ဝမ် ၁.၉ ဘီလျီယံ ( S$ 1.7 Millions ) လှူဒါန်းခဲ့တယ်လို့ သူ့ရဲ့ Agency က အတည်ပြုထားပါတယ် ။ ၂၀၁၆ ခုနှစ်အတွင်းမှာလည်း တောင်ကိုရီးယား ကြက်ခြေနီအသင်းကို ဝမ် သန်း ၅၀ လှူဒါန်း ခဲ့ပါတယ် ။ Korea Alone ရဲ့အဆိုအရ ဟေဂျင်ရဲ့ လှူဒါန်းမှုတွေဟာ များပြားပြီး ခန့်မှန်းချေ ဝမ် ၁.၁ ဘီလျီယံ ရှိမယ်လို့ ပြောပါတယ် ။ 


ကိုရီးယား မင်းသားတွေထဲမှာတော့ အလှူအတန်း အလွန်ရက်ရောတဲ့ မင်းသားတစ်ယောက်လို့ ပြောရပါမယ် ။ 


💚 Hangura is Besude You ! 💚


💛 Korea Celebrities Fans 💛


❤ Instagram —> kcele_fans 

Advertisements