” The Legend of the Blue Sea ” Drama ဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေဆီကို ပြန်လည်ရောက်ရှိလာတဲ့ လီမင်ဟို မှာလူသိနည်းတဲ့ အချက်လေးတွေရှိနေပါတယ် ။ ဇာတ်လမ်းတော်တော်များများမှာ တွေ့ရပေမယ့် သတိထားမိကြမှာတော့ မဟုတ်ပါဘူး ။ သင်မသိသေးတဲ့ လီမင်ဟိုရဲ့ လျိုဝှက်ချက် ၁၀ ချက်က ဘာဖြစ်မလဲ ?  

🎉 ရေမကူးနိုင်ပါဘူး !
အင်တာဗျူးတစ်ခုမှာ လီမင်ဟိုကို Kim Rae Won , Kim Woo Bin နဲ့  Jung II Woo တို့ ၃ ယောက်ရေနစ်ရင် ဘယ်သူ့ကို အရင်ကယ်မလဲ လို့မေးတဲ့အခါမှာ သူက ” ကျွန်တော် ရေမကူးနိုင်ဘူး ” လို့ဖြေခဲ့ပါတယ် ။ 

🎉 သူ့အသက် 20 မှာ အချစ်ဆုံးသူငယ်ချင်း Jung II Woo နဲ့အတူ ပြင်းထန်တဲ့ Car Accident ဖြစ်ခဲ့ပါတယ် ။ 

🎉 သူဟာ Romantic Comedy Drama တွေမှာ အပေါစားဆန်ဆန် ခပ်ညံ့ညံ့ စကားတွေကို ပြောရတဲ့အခါ စိတ်မသက်မသာဖြစ်ပါတယ် ။ 

🎉 တကယ်တော့ သူ့ရဲ့ကပို့ကရို့ ကိုရိုကားယားအမူအယာလေးတွေက ချစ်စရာကောင်းတာပါ !

🎉 Heirs ဇာတ်လမ်းတွဲထဲက သူ့ထက်အသက်ကြီးတဲ့ Choi Jun Hyuk နဲ့ မိတ်ဆွေကောင်းတွေအဖြစ် ခင်မင်နေဆဲပါ !

🎉 သူဟာ ဟောလိဝုရုပ်ရှင် ကာရိုက်တာ တွေသရုပ်ဆောင်ဖို့ ကမ်းလှမ်းခံရပါတယ် ။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေအတွက် အဆင်သင့်ဖြစ်နေပြီလိုတော့ မတွေးခဲ့ပါဘူး !

🎉 သူဟာ Lee Min ဆိုတဲ့ အမည်နဲ့ ၂ နှစ်လောက် အလုပ်လုပ်ခဲ့ပါသေးတယ် !

🎉 သူဟာ City Hunter ထဲက တွဲဖက်မင်းသမီး Park Min Young နဲ့ Date ခဲ့ပါသေးတယ် ။ 

🎉 လီမင်ဟိုဟာ မင်းသားမဖြစ်ခင်ငယ်စဉ်က ဘောလုံးကစားပါတယ် ။ သူ့အသင်းမှာလည်း သူဟာလူတော်တစ်ယောက်ဖြစ်ခဲ့ပါတယ် ။ 

💚 Hangura is Beside You ! 💚
💛 Korea Celebrities Fans 💛
Instagrqm —> kcele_fans

Advertisements