Feb 7 ရက်မှာ SBS ရဲ့ Drama အသစ်ဖြစ်တဲ့ Andante ရိုက်ကွင်းမှာ Kai ရဲ့ Snapshoot ပုံတွေတက်လာပါတယ် ။ January လ လယ်လောက်က ရိုက်ကူးတဲ့ ဒီဒရမ်မာ ဇာတ်လမ်းမှာတော့ Kai ဟာ အသက် ၁၈နှစ်အရွယ် အထက်တန်းကျောင်းသားပုံစံပြောင်းလဲထားပါတယ် ။ သူ့ရဲ့ မျက်နှာမှာ ပူပန်မှုတွေ ၊ ကြောက်ရွံ့မှုတွေ ပေါ်နေတဲ့အတွက် ဒီဇာတ်လမ်းဟာ ဘယ်လိုပုံစံဖြစ်လာမယ်ဆိုတာကိုလည်း Fan တွေက အံ့ဩနေကြပါတယ် ။ 

ရိုက်ကူးရေးပထမ နေ့မှာပဲ Kai ဟာပျော်ပျော်ရွှင်ရွှင် ပြုံးရင်းသရုပ်ဆောင်ခဲ့ပါတယ် ။အလွယ်ကူဆုံးအပိုင်းတွေကိုတောင်မှ  သူ့ဟာ အသံနေအသံထား ကြိုတင်ပြင်ဆင်လေ့ကျင့်မှု ၊ သရုပ်ဆောင်ပိုင်းဆိုင်ရာ အာရုံစူးစိုက်မှုတွေကြောင့် ဒါရိုက်တာ ပင် အံ့ဩခဲ့ရပါတယ် ။ Kai ဟာ ဇာတ်လမ်းအရ စိတ်ရှုပ်ထွေးနေတဲ့ အထက်တန်းကျောင်းသားနေရာကနေ သရုပ်ဆောင်ရပြီး လူလိမ်ဘဝကနေ လူကောင်းဘက်ကို ဦးတည်သွားမှာပါ ။ 

Kaiရဲ့ ရိုက်ကူးရေးလုပ်ဖော်ကိုင်ဘက် အဖွဲ့တွေကတော့ ” ကိုင်ဟာ ရာသီဥတု အေးပြီး  အချိန်တွေ များတာတောင်မှပဲ ရိုက်ကူးရေးကို အာရုံစိုက်ပါတယ် ။ ဒါကလည်း သူ့ရဲ့ Professional ကျတဲ့ သဘောထားပါပဲ ။ ဒီဇာတ်လမ်းမှာတော့ သူ့ရဲ့ သရုပ်ဆောင်မှုအတွက် ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုရှိမှာပါ ။ Kai ဘယ်လောက်အထိ လုပ်ပြနိုင်မလဲဆိုတာတော့ ရှေ့ဆက်လက်ပြီး ကြည့်ကြရမှာပါ ။” လို့ပြောပါတယ် ။ 

💚 Hangura is Beside You ! 💚

💛 Korea Celebrities Fans 💛

Instagram —> kcele_fans

Advertisements