လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ပရိတ်သတ်တွေရဲ့ အချစ်တော် Rain နဲ့ ကင်ထယ်ဟီး တို့ လက်ထပ်ခဲ့ ကြပါတယ် ။ ဒါပေမယ့် သူတို့တွေဟာ ခမ်းနားကြီးကျယ်စွာ မကျင်းပဘဲ Jan 19 မှာ အကျဉ်းချုပ်ပြီး မင်္ဂလာဆောင်ခဲ့ပါတယ် ။ 
” အခြေအနေနဲ့ အချိန်အခါကို သုံးသပ်ခဲ့ပါတယ် ။ စီးပွားရေး အခြေအနေတွေ ကျပ်တည်းနေချိန်မှာ မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ်မကျင်းပ ချင်ပါဘူး ။ ဒါကတော့ သူနဲ့ကျွန်မ စဉ်းစားပြီး ဆုံးဖြတ်ချက်ချလိုက်တာပါ ” 

” ဒီပွဲမှာ လူအများကြီးကို မဖိတ်လိုက်ရပါဘူး ။ သူတို့အနေနဲ့လည်း ကျွန်မတို့ရဲ့ အတွေးတွေကို နားလည်မယ်လို့ ထင်ပါတယ် ၊ နောက်ပြီး အားလုံးကို လျှို့ဝှက်ပြီးလုပ်သလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ် ။ Homeymoon က ပြန်ရေက်ရင်တော့ ပရိတ်သတ်ရှေ့ကို ပြန်လာမှာပါ ” လို့ ကင်ထယ်ဟီးက ပြောပါတယ်။ 
ထယ်ဟီးဟာ အခုချိန်မှာ Rain ရဲ့ အဖေ ၊ ညီမ လေးနဲ့ အတူနေနေပါတယ် ။ သူတို့ဟာ သူမ အပေါ် ဆက်ဆံရေးကောင်းတဲ့ အတွက် ဒါဟာ သူမရဲ့ မိသားစု အသစ်ဖြစ်တယ် လို့ပြောပါတယ် ။

ကလေးယူမယ့် အတွက်ကတော့ ” ကျွန်မ က ကျွန်မရဲ့ ပိမ်ထောင်ရေးကို ပရိတ်သတ်တွေကို ချပြတာ မျိုးမရှိဘူး ၊ ဒါပေမယ့် ရှေ့မှာ သတင်းကောင်းတွေကိုတော့ပြောပြပေးသွားပါမယ် ” လို့ပြောပါတယ် ။ 

💚 Hangura is Beside You ! 💚

💛 Korea Celebrities Fans 💛

 Instagram —> kcele_fans

Advertisements