Blue Sea ထဲက ထယ်အို (သို့မဟုတ် ) ရှင်းဝမ်ဟို – Shin Won Ho

Legend of Blue Sea ( ပင်လယ်ပြာရဲ့ ဒဏ္ဍရီ ) ဇာတ်လမ်းတွဲထဲမှာ ထယ်အို အဖြစ်ပါဝင်ပြီး ဆယ်ကျော်သက် နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးထောက်ခံမှုရခဲ့တဲ့ ဝမ်ဟို ဟာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ၊ Oct 23 1991 ခုနှစ်မှာမွေးဖွားပါတယ် ။ ခုဆိုရင် ဝမ်ဟို ဟာ အသက် ၂၅ နှစ်ပြည့်ပြီးသွားပေမယ့် အထက်တန်းကျောင်းသာတစ်ယောက်လို နုပျိုနေဆဲပါ ။ 

ဝမ်ဟိုဟာ A သွေးအမျိုးအစားဖြစ်ပြီး အရပ် 185 cm ( 6 ပေ ကျော် ) ရှည်ပါတယ် ။ ဝမ်ဟိုဟာ ကိုရီးယားက ၃ ယောက် ၊ တရုတ်ကတစ်ယောက် ၊ ဂျပန်ကတစ်ယောက် စုစုပေါင်း member ၆ ယောက်ပါဝင်တဲ့ CROSS GENE ဆိုတဲ့ Boy Band ရဲ့အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ် ။ ” TIMELESS : BEGINS ” လို့အမည်ရတဲ့ သူတို့အဖွဲ့ရဲ့ Mini Album ဟာ 2012 June 8 ရက်မှာ ထွက်ရှိခဲ့ပါတယ် ။ 

ဝမ်ဟို ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Drama ဇာတ်လမ်းတွေကတော့ —-

❤ Legend of Blue Sea ( SBS / 2016 )

❤ The Secret Message ( Naver TV Cast – LINE / 2015 )

❤ Big ( KBS2 / 2012 )

❤ Bachelor’s Vegetable Store ( Channel A / 2011 – 2012 )

💚 Hangura is Beside You ! 💚 


💛 Korea Celebrities Fans 💛

 Instagram —> kcele_fans

Advertisements