2PM အဖွဲ့ဝင် ဂျွန်ဟို (Junho) ဟာ လက်ရှိ KBS ရုပ်သံလှိုင်းရဲ့ အပတ်စဉ် ဗုဒ္ဓဟူး- ကြာသာပတေးနေ့တိုင်း ပြသနေကျ TV Drama Series ဖြစ်တဲ့ ” Chief Kim ” မှာ ပါဝင်တဲ့ သူ့ဇာတ်ကောင်နဲ့ပတ်သတ်ပြီး ကြည့်ရှုသူတွေရဲ့ အကောင်းပြောတာခံရပါတယ် ။ 

ဂျွန်ဟိုဟာ Chief Kim ဇာတ်လမ်းတွဲမှာ Famous Prosecutor အဖြစ်လက်ရှိမှာ သရုပ်ဆောင်နေပေမယ့် သူဟာ နောက်ပိုင်းမှာ TQ Group ရဲ့ Financial Director ဖြစ်လာမယ့်သူပါ ။ 
လက်ရှိမှာတော့ Chief Kim ဟာin term of viewership rating အရ No 1 ဖြစ်နေပါတယ် ။ ဂျွန်ဟိုက သူရရှိထားတဲ့ Positive Response နဲ့ ပတ်သတ်ပြီး ” Viewer rating တွေမြင့်တက်လာတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ၊ ဒါကားလေးမှာ ကျွန်တော့်ရဲ့ ဇာတ်ရုပ်ဖြစ်တဲ့ ဆိုးယွန်ကိုလည်း အကောင်းမြင်ပေးလို့ အများကြီး ကျေနပ်မိပါတယ် ။ ကျွန်တော် ကံကောင်းတယ်လို့ ထင်ပါတယ် ၊ ကျွန်တော့်ကို ချစ်တဲ့ ပရိတ်သတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်” လို့ပြောပါတယ် ။

ဂျွန်ဟိုဟာ Chief Kim ကိုရိုက်နေရင်း Feb မှာကျင်းပမယ့် 2PM ရဲ့ Concert အတွက်လည်း ပြင်ဆင်နေရပါတယ် ။ ” အချိန်တွေက အရမ်းကိုများနေပါတယ် ၊ ဒါပေမယ့် ကျွန်တော့်ကို အလုပ်မှာ နားလည်ထောက်ထားပြီးတော့ ညှတာပေးတဲ့လူတွေ အားလုံးကို ကျေးဇူးတင်ပါတယ် ” လို့ သူ့ရဲ့ အနုပညာ အချိန်ဇယားကို ပြောပါတယ် ။ 

💚 Hangura is Beside You ! 💚

💛 Korea Celebrities Fans 💛

Instagram —> kcele_fans 

🌳 Thanks to all FANs FANs 🌳

Advertisements