ပက်ခ်ဘိုဂန်ဟာ မကြာသေးမီက Molight နဲ့ နာမည်ရလာတဲ့ မင်းသားတစ်ယောက်ဆိုပေမယ့် သူဟာ စကားပြောရာမှာ အတော်ကို နှိမ့်ချပြောဆို တတ်သူဖြစ်ပါတယ် ။ အင်တာဗျူး တစ်ခုမှာဆိုရင် ” ကျွန်တော့်ရဲ့ သရုပ်ဆောင်ပညာက အများကြီး လိုအပ်နေပါသေးတယ် ” လို့ပြောပါတယ် ။ 

” အကယ်၍သရုပ်ဆောင်သာ မဖြစ်ခဲ့ဘူး ၊ ကျွန်တော် အနုပညာအလုပ်ကို မလုပ်ခဲ့ဘူးဆိုရင် ကျွန်တော် ဂီတဆရာ ၊ ဒါမှမဟုတ် ကိုရီးယားဘာသာ သင်ပေးတဲ့ ဆရာတစ်ယောက်ဖြစ်ချင်ပါတယ် ။ တခြားလူကို ပြန်သင်ပေးရတဲ့ အလုပ်က တော်တော် ကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ် ” လို့ပြောပါတယ် ။ 

ဒါအပြင် သူက သူနဲ့ ဆောင်းဂျွန်ကီ ကြားက သူငယ်ချင်းသံယောဇဉ်ကို လည်း ပြောပြခဲ့ပါသေးတယ်။ မကြာခင်က ဟောင်ကောင်မှာ ကျင်းပတဲ့ သူ့ရဲ့ Fan Meeting မှာလည်း ဆောင်းဂျွန်ကီက ကူညီခဲ့ပါသေးတယ် ။ ” အစ်ကိုဂျွန်ကီကတော့ကျွန်တော်နဲ့ ကုမ္ပဏီအတူတူ စီနီယာပါ ။ သူက ကျွန်တော့်ကို မကြာခဏဆိုသလို စားကောင်းတာလေးတွေ ဝယ်ကျွေးဖြစ်တယ် ၊ ပြီးတော့ ကျွန်တော့်ရဲ့ သရုပ်ဆောင်မှုနဲ့ ပတ်သတ်ပြီးလည်း အကြံဥာဏ်တွေ ပေးပါတယ် ၊ သူက တော်တော် အမြော်အမြင်ရှိတယ် လို့ ကျွန်တော်ထင်တယ်။သူက ကျွန်တော့်အတွက်တော့ အစ်ကို အရင်းတစ်ယောက်လိုပါပဲ ” လို့ပြောခဲ့ပါတယ် ။ 

လွန်ခဲ့တဲ့ ဒီဇင်ဘာကပဲ ဘိုဂန်ဟာ ဟောင်ကောင် ၊ ကွာလာလန်ပူ ၊ ထိုင်ဝမ် ၊ တိုဂျို မြို့က Fan တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ရှေ့လာမယ့် ဘန်ကောက်နဲ့ စင်္ကာပူ Fan meeting အပြီးမှာတော့ ကိုရီးယားက Fan တွေနဲ့ March လမှာတွေ့ဆုံမှာ ဖြစ်ပါတယ် ။ 

💚 Hangura is Beside You ! 💚

💛 Korea  Celebrities Fans 💛

Instagram —> kcele_fans 

🌳 Thanks to All FANs FANs🌳

Advertisements