လီမင်ဟိုဟာ သူ့ရဲ့ Fan တွေအတွက် ဒဏ္ဍါရီထဲကလို Fan Service တွေ ပေးခဲ့ပါတယ် ။ 2015 ခုနှစ်က ကျင်းပတဲ့ သူ့ရဲ့ Fan Meeting မှာ ပရိတ်သတ်တစ်ယောက်က သူ့အနားကို လာပြီး စာရွက်အပိုင်းလေးတွေ ပေးခဲ့ပါတယ် ။ အဲဒါတွေကတော့ အလားအလာရှိတဲ့ မင်္ဂလာရက်စွဲတွေပါပဲ ။ ပြီးတော့ မင်းသားကို တစ်ရက်ရွေးခိုင်းခဲ့ပါတယ် ။

လီမင်ဟိုကတော့ March လမှာ ကျင်းပမယ့် ရက်စွဲကို ရွေးပေးခဲ့ပါတယ် ။ မင်္ဂလာရက် နီးလာတာနဲ့အမျှ ပရိတ်သတ်က သူ့ရဲ့ Agency ဖြစ်တဲ့ MYM Entertainment ကို ဖိတ်စာပို့ပေးခဲ့ပါတယ် ။ ဒါပေမယ့် ကိုယ်ပိုင် အချိန်ဇယားတွေနဲ့ မအားတဲ့ပတွက် လီမင်ဟိုဟာ မတက်ရောက်ခဲ့ရပါဘူး ။ 

လီမင်ဟိုဟာ သူ့ပရိတ်သတ် မင်္ဂလာပွဲကို သူကိုယ်တိုင်မတက်ရောက်လိုက်ရပေမယ့် လှပတဲ့ ပန်းခြင်းကြီးတစ်ခု ပို့ပေးခဲ့ပါတယ် ။ ပန်းစည်းမှာတော့ ” ဘဝမှာ ပျော်ရွှင်ကျန်းမာပါစေ ” လို့ရေးထားပါတယ် ။ ပူပူနွေးနွေးလင်မယားအတွက် လီမင်ဟိုက ပန်းစည်းပို့ပေးလိုက်တာကြောင့် သတို့သမီးက မိန်းမောတွေဝေသွားခဲ့ပါတယ် ။

လီမင်ဟိုကတော့ Fan တွေကို လေးစားတန်ဖိုးထားကြောင်း ပြသလိုက်နိုင်ပါတယ် ။ 

💚 Hangura is Beside You ! 💚

💛 Korea Celebrities Fans 💛

Instagram —> kcele_fans 

   💖  Twitter  —> kcele_fans

🌳 Thanks To All FANs FANs 🌳

Advertisements