Goblin ဇာတ်လမ်းတွဲ တစ်ဖန်လူသိများလာတဲ့ Lee Dong Wook ရဲ့ ” 4 My Dear ” အမည်ရတဲ့ Fan Meeting ပွဲလက်မှတ်တွေကတော့ ၁ မိနစ်အတွင်းရောင်းထွက်ခဲ့ပါတယ် 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ မှာ ကျင်းပမယ့် လီဒေါင်ဝူး ရဲ့ ပရိတ်သတ်တွေ့ဆုံပွဲ ဝင်ခွင့်လက်မှတ်တွေကို Korea’s Ticketing Site ကနေတဆင့် Feb 10 ရက်နေ့မှာ ရောင်းချခဲ့ပါတယ် ။ ရောင်းချပြီး ၁ မိနစ်အတွင်းမှာပဲ လက်မှတ်တွေအားလုံး ရောင်းထွက်ခဲ့ပါတယ် ။ 

လက်မှတ်ရောင်းတဲ့ခဏမှာပဲ ခုံပေါင်း ၁၅၀၀ ကို ချက်ချင်းဆိုသလို ဝယ်ယူသွားခဲ့ပါတယ် ။ တခြား Website တွေမှာပါ ” Lee Dong Wook ” ” Lee Dong Wook Fans Meeting ” ဆိုတဲ့ Keyword တွေကမြင့်တက်လာပါတယ် ။ လက်မှတ်မရောင်းခင်ကတည်းက လူစိတ်ဝင်စားမှု မြင့်တက်တာမို့ ဒါဟာ လက်မှတ်တိုက်ပွဲတစ်ခုလည်း ဖြစ်နိုင်ပါတယ် ။ 


ဒါဟာလီဒေါင်ဝူး ဘယ်လောက်အောင်မြင်သလဲ ဆိုတာ သက်သေပြသလိုက်နိုင်တာပဲ ဖြစ်ပါတယ် ။ Goblin ဇာတ်လမ်းတွဲမှာ သေမင်းနေရာကနေ သရုပ်ဆောင်ပြီး ပရိတ်သတ်တွေရင်ထဲကို လီဒေါင်ဝူး ရောက်လို့လာပါပြီ ။ 

လီဒေါင်ဝူးရဲ့ Fan Meeting ပွဲဟာ March 21 ရက်နေ့ တောင်ကိုရီးယားနိုင်ငံ BlueSea Samsung Card Hall မှာ ကျင်းပမှာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် April လ ကနေစတင်ပြီး အာရှဒေသ အနှံ့အပြားမှာ ရှိတဲ့ သူ့ပရိတ်သတ်တွေနဲ့ တွေ့ဆုံဖို့အတွက် Lee Dong Wook Asia Tour 2017 ကို စတင်မှာ ဖြစ်ပါတယ် ။ လီဒေါင်ဝူးဟာ ပရိတ်သတ်တွေနဲ့ တွေ့ဖို့ကိုလည်း အရမ်းစိတ်လှုပ်ရှားလို့ နေပါတယ် ။ 
သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Starship Entertainment မှ King Kon ကတော့

လီဒေါင်ဝူးကို ချစ်ခင်ကြတဲ့ ၊ စိုးရိန်ပူပန်ပေးကြတဲ့ ပရိတ်သတ်တွေကို ကျေးဇူးအများကြီး တင်ပါတယ် ၊ လီဒေါင်ဝူးက ပရိတ်သတ်တွေနဲ့ အချိန်အကြာကြီး မတွေ့ခဲ့ရပေမယ့် သူ အကောင်းဆုံးကြိုးစားပြင်ဆင်နေပါတယ် ။ ဒါကြောင့် မင်းသားရော ပရိတ်သတ်တွေပါ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အမှတ်တရလေးတွေ ဖန်တီးနိုင်ကြပါလိမ့်မယ်

💚 Hangura is Beside You! 💚

💛 Korea Celebrities Fans 💛

Instagram —> kcele_fans

    💖  Twitter —> kcele_fans

🌳 Thanks To All FANs FANs 🌳

Advertisements