ဆောင်းဂျွန်ကီကတော့ သူ ရယ် ၊ ပက်ခ်ဘိုဂန် နဲ့ ဂွမ်ဆိုး ကြားထဲက ဇာတ်လမ်းတစ်ပုဒ်ကို ရိုးသားတဲ့ခံစားချက်တစ်ခုနဲ့ အဆုံးသတ်ခဲ့ပါတယ် ။ ဆောင်းဂျွန်ကီ နဲ့ ဂွမ်ဆိုးဟာ အရမ်းကို ချစ်ကြတဲ့ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြသလို ပက်ခ်ဘိုဂန်နဲ့ကလည်း ထို့အတူပါပဲ ။ 

Feb 11 ရက်နေ့က ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ သရုပ်ဆောင် ပက်ခ်ဘိုဂန်ရဲ့ ပရိတ်သတ်နဲ့တွေ့ဆုံပွဲကို နိုင်ငံတစ်ဝန်းက ပရိတ်သတ် ၄,000 ခန့်တက်ရောက်ခဲ့ကြပါတယ် ။ ဒီပွဲမှာတော့ အထူးဧည့်သည်အဖြစ် ပက်ခ်ဘိုဂန်က ဆောင်းဂျွန်ကီ ကို ဖိတ်ကြားခဲ့ပါတယ် ။ 

သူတို့ နှစ်ဦးသားဟာ ညီအစ်ကိုသံယောဇဉ် အဖြစ် ပရိတ်သတ်တွေကလည်း လက်ခံထားပြီး တစ်ဦးနှင့် တစ်ဦး ရိုင်းပင်းကူညီခဲ့ကြပါတယ် ။ ဆောင်းဂျွန်ကီ ရဲ့ Fan ပွဲတုန်းကလည်း ပက်ခ် ကရောက်လာခဲ့ပါတယ် ။ ဆောင်းဂျွန်ကီကလည်း ပက်ခ်ရဲ့ ပွဲကို ပြန်တက်ပေးပြီး ကာကွယ်ပေးခဲ့ပါတယ် ။

Fan Meeting ပွဲမှာ ပက်ခ် က သူဆောင်းဂျွန်ကီ ကိုမြင်ရတိုင်း သူ့ရဲ့ခံစားချက် အမြင်ကိုလည်း ပေးခဲ့ပါတယ် ။ ပြီးရင်တော့ ပက်ခ် က ဂျွန်ကီ့ရဲ့ အကြောင်းတွေ တန်းဆီပြောပါတော့တယ် ။ ပက်ခ် က ဆောင်းဂျွန်ကီ မှာ ” ချောမောတဲ့မျက်နှာရှိတယ် ” , ” သာယာတဲ့ အသံရှိတယ် ” , ” လှပတဲ့ လက်ချောင်းတွေရှိတယ် ” လို့ပြောခဲ့ပါတယ် ။

ပက်ခ် က စကားကို ဒီနေရာမှာပဲ ရပ်တန့်ထားလိုက်ပေမယ့် တကယ်တော့ သူ့မှာ ဂျွန်ကီနဲ့ပတ်ပြီးတော့ ခံစားချက်တွေ ၊ ချီးကျူးချက်တွေ ၊ ပြောစရာတွေ ရှိနေသေးမှာသေချာပါတယ် ။ ပတ်ဝန်းပျင်ကလည်း အနည်းငယ် Romantic ဆန်လို့ နေ ပါပြီ ။ 

ဆက်လက်ပြီး ပက်ခ်က ဂျွန်ကီ နဲ့ပက်သတ်လို့ ဘယ်လို ယောက်ျားမျိုးဖြစ်ကြောင်း ၊ ဘယ်လိုပုံစံမျိုး စသည်ဖြင့် ဂျွန်ကီ ရဲ့ ကောင်းကြောင်းတွေကို စီကာပတ်ကုံး ပြောခဲ့ပါတယ် ။ ပက်ခ် ဟာ တစ်ခုခုကို ဝန်ခံပြောဆိုပြီး ဂျွန်ကီ့ကို စိတ်ရှုပ်အောင်လည်း လုပ်ခဲ့ပါတယ် ။ 

ကျွန်တော်သာ မိန်းကလေးတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် အစ်ကို နဲ့ဒိတ်ချင်ပါတယ် ။ ကျွန်တော့်ရဲ့ဘေးမှာ ဆောင်းဂျွန်ကီကိုလိုချင်တယ် ။ ဒါက ကျွန်တော့်ရဲ့ တကယ့် စိတ်ရင်းပါ ။ 

> ပက်ခ်ဘိုဂန် <

ဆောင်းဂျွန်ကီကတော့ ဒီလို ရှုပ်ထွေးမှုကို ပေါ့ပေါ့ပါးပါးပဲ ဖြေရှင်းခဲ့ပါတယ် ။

ကျွန်တော်ကတော့ စိတ်မကောင်းပါဘူး ၊ ကွမ်ဆို ရှိနေပြီးသားပါ ။

>ေ ဆာင်းဂျွန်ကီ <

ဆာင်းဂျွန်ကီနဲ့ ကွမ်ဆိုး တို့က သက်တူရွယ်တူ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပါတယ် ။ နောက်ပြီး သူတို့နှစ်ယောက်ကြားက ခိုင်မြဲတဲ့ သံယောဇဉ်ကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး ။ 

ဒါပေမယ့် .. ဘယ်လိုပဲ ဖြစ်ဖြစ် ဂျွန်ကီ ကတော့ သူ့ရဲ့ ဂျူနီယာ ပက်ခ် အပေါ်မှာတော့ အတော်လေး ဂရုစိုက်ရှာပါတယ် ။ 

ဆောင်းဂျွန်ကီ တက်ရောက်အားဖြည့်ပေးခဲ့တဲ့ ပက်ခ်ဘိုဂန်ရဲ့ Thailand Fans Meeting Video

💚 Hangura is Beside You ! 💚

💛 Korea Celebrities Fans 💛

💖 Instagram —> kcele_fans 

    ☕  Twitter —> kcele_fans

🌳 Thanks To All FANs FANs 🌳

Advertisements