Moon Lover ဇာတ်လမ်းထဲက ဂျီဆိုးကိုလည်း သိကြပါမယ် ထင်ပါတယ် ။ ဖက်ရှင် မဂ္ဂဇင်း တစ်ခု အင်တာဗျူးမှာတော့ ဂျီဆိုးက သူဟာ မယုံနိုင်လောက်အောင် အလုပ်တွေများနေပေမယ့် သူလိုချင်တဲ့ ပန်းတိုင်ကတော့ လိုနေသေးပါတယ် လို့ပြောပါတယ် ။ 

မနှစ်ကလည်း ဂျီဆိုးရဲ့ ကားတွေဟာတစ်ကားပြီး တစ်ကားထွက်လာခဲ့ပါတယ် ။ သူ့ရဲ့ Mini Special ” Page Turner “ ပြီးတော့ SBS ကနေ ” Doctor ” ပြီးတော့ Scarlet Heart : Goryo ပြီးတော့ JBC ကနေ ” Fantistic ” ထွက်ခဲ့ပါသေးတယ် ။ 

” ကျွန်တော် စိန်ခေါ်မှုတွေ အများကြီး နဲ့ တွေ့ခဲ့ပါတယ် ။ ကျွန်တော်ကတော့ အလုပ်တွေအများကြီး စုပုံပြီးလုပ်ရရင်ဂုဏ်ယူတယ် ၊ ဝမ်းလည်း ဝမ်းနည်းပါတယ် ၊ ကျွန်တော်ကတော့ အမှားတွေ ကြာင့်ရင်ကျက်နေပြီလို့ ထင်ပါတယ် ” လို့ ပြောပါတယ် ။ 

ကျွန်တော် အထက်တန်းကျောင်းတုန်းကဆိုရင် အနုပညာအခန်းဘက်ကို အချိန်ရတိုင်းသွားတယ် ။ ကျွန်တော် သိလိုစိတ်တွေလည်းများတယ် ၊ စိန်ခေါ်မှု တစ်ခုလည်းလိုချင်တယ် ။ ဒါက ကျွန်တော့်အတွက် ကမ္ဘာသစ်လေးတစ်ခုပါပဲ ။ ကျွန်တော်ရဲ့ Judo အတွေ့အကြုံက ကျွန်တော့်ကို Adjust ဖြစ်စေပါတယ် ။ 

ဆက်လက်ပြီး ” အရင်တုန်းကဆိုရင် ကျွန်တော် ဝမ်းနည်းစရာတွေ အများကြီး ကြုံရတယ် ၊ ကျွန်တော် ကြိုးစားပြီး သင်ယူတယ် ၊ အခုတော့ ကျွန်တော် အတွေ့အကြုံ နည်းနည်း ရလာပါပြီ ။ ကျွန်တော် သူတို့ကို ဘယ်လို Support လုပ်ရမယ်ဆိုတာကိုလည်း လေ့လာပါတယ် ” လို့ပြောပါတယ် ။ 

သရုပ်ဆောင် မင်းသားတစ်ယောက်အနေနဲ့ စာချုပ်ချုပ်ပြီးမှ ပွဲပျက်တာမျိုးတွေရှိလားလို့ မေးတဲ့အခါမှာတော့ ” ကျွန်တော် ပွဲဦးထွက်ကတည်းက ဘယ်စာချုပ်ကိုမှ မဖျက်ခဲ့ဘူး ၊ ရိုက်ကူးရေးတစ်ခုပြီးရင် နောက်တစ်ခု ဆက်ရိုက်တယ် ၊ ကျွန်တော့်ကို နေရာကောင်းပေးတာထက် သရုပ်ဆောင်တွေက တစ်သတ်မတ်ထဲကို ပိုသဘောကျတယ် ၊ ဒါဆိုရင် ကျွန်နော်လည်း စိတ်ရိန်ပူပန်စရာ သိပ်မရှိဘဲနဲ့ ပိုပြီး ကြိုးစားဖြစ်လာမယ် ” လို့ပြောပါတယ် ။

AD / Facebook မှာ အောင်မြင်တဲ့ Page ဒါမှမဟုတ် Group ရှိနေပြီလား ?? ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ဝင်ငွေရှာဖွေပါ !

>> အကျိုးတူပူးပေါင်းရန် <<

💚 Hangura is Beside You ! 💚

💛 Korea Celebrities Fans 💛

🌳 Thanks To All FANs FANs 🌳

Advertisements