My Love from Another Star ကိုလည်း ပရိတ်သတ်တွေကြည့်ဖူးကြမယ်လို့ထင်ပါတယ် ။ ကင်ဆိုးဟန်ရဲ့ ဇာတ်လမ်းကောင်းတွေထဲက တစ်ပုဒ်ဆိုတာတော့ သေချာပါတယ် ။ ဒါပေမယ့် ဒီဇာတ်လမ်းမှာ သင်မသိတာလေးတွေ ရှိနေပါသေးတယ် ။ 

  • Sad Ending နဲ့ ဇာတ်သိမ်းချင်တယ်

ကင်ဆိုးဟန် ဟာ ဒီဇာတ်လမ်းကို ဝမ်းနည်းစရာ နိဂုံးနဲ့ ပြီးရမယ်လို့ ထင်ခဲ့ပါတယ် ။ ဒီဇာတ်လမ်းမှာ မင်းသားကလည်း သာမန်သက်တမ်းတစ်ခုလိုပဲ ကုန်ဆုံးပြီး မျက်ရည်တွေနဲ့ ပရိတ်သတ်ကို နှုတ်ဆက်ရလိမ့်မယ်လို့ ထင်ခဲ့ပါတယ် ။ဒီဇာတ်လမ်းဟာ ဘယ်လိုပုံစံမျိုးနဲ့ အဆုံးသတ်မယ်ဆိုတာကို ဒါရိုက်တာတောင် မသိခဲ့ပါဘူး ။ အဆုံးမှာတော့ ပျော်စရာဇာတ်သိမ်းဖြစ်ခဲ့ပါတယ် ။ 

  • ဘယ်သန်ဖြစ်ပေမယ့် ညာနဲ့ ရေးခဲ့တယ်


တကယ်တော့ ကင်ဆိုးဟန်က ဘယ်သန်တစ်ယောက်ပါ ။ ဒါပေမယ့် My Love from Another Star မှာ သူဟာ ညာသန်အဖြစ်သရုပ်ဆာင်ရပါတယ် ၊ ညာနဲ့ပဲ ရေးခဲ့ပါတယ် ။ 

  • ဒိုမင်ဂျိုရဲ့ Super Power ကို လိုချင်တယ်

ဇာတ်လမ်းထဲမှာ ဒိုမင်ဂျိုရဲ့ Super Power ကိုလည်း တွေ့လိုက်ရမှာပါ ။ ဒါပေမယ့် ကင်က အကုန်လုံးကို လိုချင်တာတော့ မဟုတ်ပါဘူး ။ တစ်နေရာနဲ့ တစ်နေရာကို သွားချင်သလို သွားနိုင်တဲ့ စွမ်းအားကို လိုချင်တာပါ ။ ” ဖြစ်နိုင်ရင် ဒိုမင်ဂျို ရဲ့ Transporation Power ကိုလိုချင်တယ် ၊ ဖြစ်နိုင်မယ်ဆိုရင်ပေါ့ .. ကျွန်တော် Shooting ပြီးရင် အိမ်ကို မြန်မြန်ပြန်ချင်တယ် ၊ ကျွန်တော် သွားချင်တဲ့ နေရာတွေကိုလည်း စိတ်ရှိတိုင်းသွားနိုင်မယ် ” လို့ပြောပါတယ် ။ 


ကင်က မိသားစုကို အတော်ကို တန်ဖိုးထားပြီး နှလုံးသားရဲ့ ဟိုးအနက်ရှိုင်းဆုံးနေရာကနေ ချစ်နေတယ်ဆိုတာ သံသယ ဖြစ်စရာကို မလိုပါဘူး ဖန်ဖန်တို့ရေ ••• 

💚 Hangura is Beside You ! 💚

💛 Korea Celebrities Fans 💛

💖 Instagram —> kcele_fans 

   ☕  Twitter —> kcele_fans

🌳 Thanks To All FANs FANs 🌳

Advertisements