Kim Soo Hyun ရဲ့ ချစ်သူက ဘယ်သူဖြစ်မှာလဲ ?

ကင်ဆိုးဟန်ကတော့ ဇာတ်ကားနဲ့ ၂၀၀၇ ကနေစလို့ အနုပညာလောကကို ဝင်ရောက်ခဲ့တာဖြစ်ပြီး အခုဆိုရင် အနုပညာသက်တမ်း ၁၀ နှစ်ပြည့်တော့မှာ ဖြစ်ပါတယ် ။ ပရိတ်သတ်တွေကလည်း ကင်ရဲ့ အချစ်ရေးကို သိချင်ကြပါတယ် ။ ဘယ်သူတွေက ကင်နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြတာလဲ ? 

  • Soe Hee 

ကင်ရဲ့ အချစ်ရေး ဆိုရင်တော့ Wonder Girl အဖွဲ့က ဆိုဟီး နဲ့ သတင်းတွေ ထွက်ခဲ့ကြပါတယ် ။ ဒါကလည်း ဖြစ်နိုင်ချေများပါတယ် ။ ၂၀၁၅ အောက်တိုဘာ Report မှာ သူတို့တွေဟာ ချစ်သူ သက်တမ်း ၁ နှစ်ပြည့်ပြီလို့ဖော်ပြထားပါတယ် ။ ဆိုဟီး ဟာလည်း Wonder Girl အဖွဲ့ကနေ နှုတ်ထွက်ပြီးတဲ့နောက်မှာ ကင်ဆိုးဟန်အလုပ်လုပ်နေတဲ့ Entertainment ကို ပြောင်းသွားပါတယ် ။ ဒါဟာ ကင်နဲ့ ပိုပြီးနီးစပ်အောင်လို့ ပြောင်းသွားတယ်လို့တော့ ထင်စရာရှိပါတယ် ။ 

Update –> နှစ်ဦးလုံးရဲ့ Agency တွေကတော့ ငြင်းဆိုထားပါတယ် ။ ” ဆိုဟီး နဲ့ ကင်ဆိုးဟန် က သိကြတာမှန်ပါတယ် ၊ ဒါပေမယ့် ချစ်သူတွေဆိုတဲ့ သတင်းကတော့ မမှန်ပါဘူး ” လို့ တရားဝင်ပြောဆိုထားပါတယ် ။

EX Girlfriend

  • Yoon ( Girls’ Generation )


ကင်နဲ့ သတင်းတွေ ထွက်ခဲ့သူကတော့ Girl Generation အဖွဲ့က Yoon ပါ ။ သူတို့နှစ်ဦးသားဟာ ဘုရားကျောင်းထဲမှာ တွေ့ဆုံခဲ့ကြပါတယ် ။ တွေ့ဆုံမှုအပြီးမှာ ချစ်သူတွေဖြစ်ခဲ့ကြပါတယ် ။ စိတ်မကောင်းစရာကတော့ နှစ်ဦးသား အချစ်ရေးဟာ ၂၀၁၃မှာ ဆုံးခန်းတိုင်ခဲ့ပါတယ် ။ Yoon ကလည်း တခြားချစ်သူကောင်လေး ရှိနေသလို ကင်မှာလည်း တခြား ကောင်မလေး တစ်ယောက် ရှိနေပါပြီ ။

  • NANA ( After School )


နောက်ထပ် သတင်းထွက်ခဲ့သူကတော့ After School အဖွဲ့က NANA ဖြစ်ပါတယ် ။ သူမဟာ ၂၀၁၄ ခုနှစ်က The Most Beautiful Face ကို ရရှိထားပါတယ် ။ ကင် က သူမတို့ After School အဖွဲ့ကို သဘောကျတယ်လို့ ပြောထားပါတယ် ။ သူမလည်း ကင်ဟာ သူမအတွက် Mr.Right ပါပဲလို့ ပြောထားပါတယ် ။ သူတို့နှစ်ယောက်ကို ပရိတ်သတ်တွေကလည်း ချစ်သူတွေလို့ ထင်ခဲ့ကြပေမယ့် မဟုတ်ခဲ့ပါဘူး ။NANA ကတော့ ” ကောလဟာလတွေကိုလည်း သိပါတယ် ၊ ဒါဟာ တစ်စုံတစ်ယောက်က မီးလောင်ရာလေပင့် ပြောနေတာပါ ” လို့ပြောပါတယ် ။

  • Sue-ji (Miss-A)


Miss A အဖွဲ့ ကဆူဂျီပဲ ဖြစ်ပါတယ် ။ သူတို့နှစ်ယောက်ဟာ ” Dream High ” မှာ အတူသရုပ်ဆောင်ရင်း ချစ်ခဲ့ကြတာလို့ ပြောပါတယ် ။ ဆူဂျီကလည်း သူမရဲ့ Mr.right (ရည်ရွယ်ထားတဲ့ အိမ်ထောင်ဖက် ) က ကင် လို့ဆိုပါတယ် ။ သူတို့နှစ်ယောက်က လိုက်ဖက်မှုလည်းရှိလို့ ပရိတ်သတ်တွေကလည်း ထင်ခဲ့ကြပါတယ် ။ ဆူဂျီကတော့ အစ်ကို လို့ပဲ မောင်နှမ ဆန်ဆန်ခေါ်နေတာမို့ ကောလဟာလအဖြစ်နဲ့ပဲ အဆုံးသတ်ခဲ့ပါတယ် ။

💚 Hangura is Beside You ! 💚

💛 Korea Celebrities Fans 💛

💖 Instagram —> kcele_fans

     ☕  Twitter —> kcele_fans 

🌳 Thanks To All FANs FANs 🌳


Advertisements