ဒီတစ်ခါ K Drama ဂဏ္ဍမှာတော့ ပက်ခ်ရှင်ဟေးရဲ့မွေးနေ့လည်းကျရောက်တဲ့အတွက် ပက်ရှင်ဟေး ပါဝင်သရုပ်ဆောင်ထားခဲ့တဲ့ နှလုံးသားရဲ့ ချစ်သံစဉ်ဇာတ်ကားလေးကို မိတ်ဆက်ပေးလိုက်ပါတယ်နော် ။ 

ဇာတ်လမ်းလေးမှာတော့ အဓိက ဇာတ်ကောင်တွေအဖြစ် ပက်ခ်ရှင်ဟေး နဲ့ ဂျန်ယွန်ဟွာ တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ။ ” You’ve Fallen for Me ” ဆိုတဲ့အမည်နဲ့လည်း လူသိများပြီး အဆုံးသတ်မှာလည်း ဒီသီချင်းနဲ့ပဲ ဇာတ်သိမ်းထားပါတယ် ။ ဒီဇာတ်လမ်းလေးကိုတော့ JS Pictures Co..Ltd; ကနေ ထုတ်လွှင့်တာလည်း ဖြစ်ပါတယ် ။ 

ဒီဇာတ်လမ်းလေးမှာ ” You’ve Fallen for Me ” ဆိုတဲ့ နာမည်လေးကိုခေါင်းစဉ်အဖြစ်ရွေးချယ်ဖို့ MBC Website ကို အဆိုပြုချက်ပေါင်း ၄၀၀၀ ကျော်ရောက်လာပါတယ် ။ ဒါပေမယ့် DramaFever မှာ တက်လာတဲ့အဆိုပြုချက်တွေက များတာကြောင့် နောက်ဆုံးမှာ ” Heartstrings ” လို့ အမည်ပေးခဲ့ပါတယ် ။ 

ဒီဇာတ်လမ်းမှာ You’ve Fallen for Me သီချင်းကို ယွန်ဟွာက သီဆိုပြီး The Day We Fall in Loveကိုတော့ ပက်ခ် ကိုယ်တိုင်သီဆိုခဲ့ပါတယ် ။ ဒီဇာတ်လမ်းလေးကို တောက်ကိုရီးယား ၊ တရုတ် ၊ ဟောင်ကောင် ၊ မြောက်အမေရိက နဲ့ ဖိလစ်ပိုင် စတဲ့နိုင်ငံအနှံ့အပြားမှာ ပြသခဲ့ပါတယ် ။ 

  • ဇာတ်လမ်းအကျဉ်း

ရိုးရာဂီတကို နှစ်သက်မြတ်နိုးတဲ့ ရိုးရာဂီတပညာရှင်ရဲ့ မြေးမလေး ပက်ခ် နဲ့ ခေတ်ပေါ်တီးဝိုင်း Leader ဂျန် တို့ရဲ့ အချစ်ဇာတ်လမ်းလေးပါ ။ ဂျန်ဟာကျောင်းမှာ Popular တစ်ယောက်ဖြစ်လို့ ပက်ခ်ဘက်က စတင်သဘောကျခဲ့တာပါ ။ ပက်ခ် ဟာ ခေတ်ပေါ်သီချင်းဆိုတဲ့ သူဖြစ်ဖို့ အတော်ကြိုးစားခဲ့ရပါတယ် ။ ပက်ခ်ဟာကျောင်းက ပွဲမှာ တခြားသူအတွက် ကိုယ်စားဆိုပေးခဲ့ရပါတယ် ။ ပက်ခ် နဲ့ ဂျန် ကြားက ကြည်နူးစရာ ၊ ပျော်စရာအချစ်တွေကို မြင်တွေ့ရမှာဖြစ်သလို သူငယ်ချင်းတွေရဲ့ Friendship ကိုလည်း တွေ့ရမှာပါ ။ အဆုံးသတ်မှာ ကြေကွဲရပေမယ့် Happy Endingလေးပါ !

💚 Hangura is Beside You ! 💚

💛 Korea Celebrities Fans 💛

🌱 Thanks To All FANs FANs 🌱

Advertisements