တရုတ်နိုင်ငံရဲ့ Zhuo Wei လို့ခေါ်တဲ့ ပါပါရာဇီတစ်ယောက်ဟာ Exo member တွေဖြစ်တဲ့ လုဟန် ၊ ခရစ်အပါအဝင် ဆယ်လီတော်တော်များများနဲ့ ပတ်သတ်တဲ့ ကောလဟာလ သတင်းတွေ ရေးသားနေသူဖြစ်ပါတယ် ။ ဒီတစ်ခါမှာတော့ သူ့ရဲ့ မြားဦးက လုဟန်ဘက်ကို လှည့်လာတယ်လို့ပြောရပါမယ် ။

လူတွေကသူ့ကို အရိုးသားဆုံးဖြေစေချင်ကြတဲ့ မေးခွန်းပေါင်းများစွာ ပါပါရာဇီတစ်ဦးက ဖြေထားတာပါ ။ ဒါပေမယ့် Zhuo Wei ရဲ့အဖြေတွေဟာ ဖြစ်နိုင်ချေ ၀% သာရှိပြီး ဒီအမေးအဖြေကဏ္ဍဟာလည်း စက်ပိုင်းဆိုင်ရာအမှားတွေရှိနေတယ်လို့ ဆိုပါတယ် ။

လုဟန်မှာ ချစ်သူရည်းစားရှိမရှိ မေးတဲ့မေးခွန်းကိုတော့ Zhuo Wei က အောက်ပါအတိုင်းဖြေလိုက်ပါတယ် ။ 

ဒါကမှားတယ် .. တကယ်တော့ လုဟန်မှာ ချစ်သူကောင်မလေးတင်ရှိတာမဟုတ်ဘူး ၊ ကလေးပါရှိနေတယ် 

Zhuo Wei

လုဟန်ရဲ့ မန်နေဂျာ Yang Siwei ကတော့ဖြစ်နိုင်ခြေမရှိတဲ့ ပြဇတ်ဆန်ဆန် ကောလဟာလတွေကိုပြန်လည်တုံ့ပြန်လိုက်ပါတယ် ။

လက်ရှိထွက်နေတဲ့ ကောလဟာလတွေနဲ့ ပတ်သတ်လို့ စကားလုံးတွေကို တားဆီးဖို့က တော်တော်ခက်ခဲပါတယ် ။ဘယ်ဟာက အမှန်တရားလဲဆိုတာကိုတော့ အချိန်ကစကားပြောသွားမှာပါ ။ တစ်ခြားသူကို ထိခိုက်ပျက်စီးအောင်လုပ်သွားတဲ့ သူ့စကားလုံးတွေအတွက်တော့ သူက ပျော်နေမှာပေါ့ ။ 

Yang Siwei

လုဟန်ကတော့ ပါပါရာဇီတွေမျှော်လင့်သလို ပျောက်ကွယ်သွားမှာမဟုတ်တဲ့အပြင် သူ့ရဲ့ သီချင်းသစ် ” RolePlay ” ကို ထုတ်လွှင့်ခဲ့ပါတယ် ။ 

ကောလဟာလတွေဟာ လုဟန်လောက်နဲ့တင် ရပ်တန့်သွားတာတော့မဟုတ်ပါဘူး ။ တခြားကျော်ကြားသူတွေဖြစ်တဲ့ Angelababy , Chen He , Yang Mi နဲ့ Hawick Lau တို့လည်း တိုက်ခိုက်ခံရပါတယ် ။ ဒါပေမယ့်သူတို့ကလည်း လုဟန်နည်းတူ သတင်းတွေကို ပိတ်ပင်တားဆီးတာတွေတော့ မလုပ်ခဲ့ပါဘူး ။ 

Yang Mi နဲ့ Hawick Lau တို့ရဲ့ ကုမ္ပဏီတွေကတော့ ” သူဟာလူရွှင်တော်တစ်ယောက်လို အခြေအမြစ်မရှိတဲ့ သတင်းတွေလွှင့်နေတာကတော့ ဒါဟာ လူအများရဲ့ စိတ်ဝင်စားမှုကိုလိုချင်တာ ၊ ပေါ်ပြူလာဖြစ်ချင်တာကြောင့်လို့ပဲ ထင်ပါတယ် ” လို့ပြောပါတယ် ။

Luhan ရဲ့ Roleplay သီချင်းသစ် 


Advertisements