T-ara အဖွဲ့ရဲ့ ဂျီယွန်း နဲ့ ဂျန်ဂျွန်ယောင်းတို့ဟာ ချစ်သူရည်းစားတွေဖြစ်နေပြီဆိုတဲ့ ကောလဟာလတွေကို နှစ်ဦးသားရဲ့ Agency တွေက လျင်လျင်မြန်မြန်ပဲ ငြင်းပယ်ခဲ့ပါတယ် ။ 

ဂျီယွန်းရဲ့ Agency ဖြစ်တဲ့ MBK Entertainment ကတော့ အောက်ပါအတိုင်းပြောပါတယ် ။

ဂျီယွန်းနဲ့ ဂျွန်ယောင်းတို့တွဲနေတာမဟုတ်ပါဘူး ။ မကြာသေးခင်တုန်းက ဂျီယွန်းတို့သူငယ်ချင်းဆယ်ယောက်က နိုင်ငံခြားခရီးသွားခဲ့ကြပါတယ် ။ ဒီထဲမှာ ဂျွန်ယောင်းလည်းပါပါတယ် ။ ၁၀ ဦးလုံးထဲမှာ celebrity ဆိုလို့ သူတို့နှစ်ယောက်ပဲ ပါတာပါ ။ ခရီးကပြန်လာတော့ တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်နှုတ်ဆက်တာမျိုးရှိပါတယ် ။ သူတို့က အရမ်းရင်းနှီးတဲ့ သူတွေပါ ။ ချစ်သူရည်းစားတွေမဟုတ်ပါဘူး ။ 

MBK Entertainment 

ဂျန်ဂျွန်ယောင်းရဲ့ အေဂျင်စီဖြစ်တဲ့ C9 Entertainment ကတော့ ” ဂျီယွန်း နဲ့ ဂျွန်ယောင်းက စုံတွဲတွေမဟုတ်ပါဘူး ။ သတင်းမှားတွေပါ ” လို့ အတည်ပြုပေးခဲ့ပါတယ် ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements