BIGBANG အဖွဲ့ရဲ့ ခေါင်းဆောင် G-Dragon ဟာ Solo Album အသစ်ထွက်ရှိတော့မယ်လို့ April လ ၁၈ ရက်နေ့က YG Entertainment က အတည်ပြုလိုက်ပါတယ် ။ 

G-Dragon က သူ့ရဲ့ တစ်ကိုယ်တော် Album အတွက်ကြိုးစားနေပါတယ် ။ ထွက်ရှိမယ့် ရက်စွဲကိုတော့ မဆုံးဖြတ်ရသေးပါဘူး ။ G-Dragon ကတော့ သူ့သီချင်းအတွက် YG နဲ့ Black Label Studio ကို သွားလိုက်ပြန်လိုက်ပါပဲ ။

Agency က ” G-Dragon ကတော့ June လမှာကျင်းပမယ့် သူ့ရဲ့ တစ်ကိုယ်တော် Concert မတိုင်ခင်ထွက်နိုင်အောင်ကြိုးစားနေပါတယ် ” လို့ ထပ်ပြောပါတယ် ။

ကြေငြာတဲ့နေ့မှာပဲ G-Dragon ဟာသူ့ရဲ့ Instagram မှာ ဓာတ်ပုံတစ်ပုံတင်လိုက်ပါတယ် ။ 

A post shared by 권지용 (@xxxibgdrgn) on

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements