Zhou Wei လို့ခေါ်တဲ့ တရုတ်ပါပါရာဇီတစ်ယောက်က EXO member တွေဖြစ်တဲ့ Kris ( ခရစ် ) နဲ့ Luhun ( လုဟန် ) တို့ရဲ့ ကောလဟာလသတင်းတွေကို ပစ်မှတ်ထားဖြန့်ဖြူးနေတာဖြစ်ပါတယ် ။

လုဟန် တုန်းကလည်း သူဟာ ချစ်သူမိန်းကလေးတစ်ယောက်ရှိပြီး ကလေးတစ်ယောက်ပါရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ် ။ ဒါပေမယ့် လုဟန်ရဲ့ မန်နေဂျာကတော့ ဒီသတင်းဟာ သတင်းမှား တစ်ခုသာဖြစ်တယ်လို့ ငြင်းဆိုခဲ့ပါတယ် ။

ဒီတစ်ကြိမ်မှာတော့ သူဟာ ယုံကြည်နိုင်လောက်စရာအချက်အလက်တွေမပါဝင်ဘဲ ပုံပြင်ဆန်ဆန် တစ်ဖက်သတ်ဝေဖန်ရေးလုပ်ခဲ့တာဖြစ်ပါတယ် ။ သူဟာ Kris ကို တော်တော်ပါးစပ်ဆိုးတယ်ဆိုပြီးဝေဖန်ခဲ့တာဖြစ်ပါတယ် ။

L က ဝက်ခေါင်း ၊ Z က ဥာဏ်နီဥာဏ်နက်များ ..  H ကတော့ သီချင်းဆိုတာ တော်တော်ညံ့တယ် 

– Zhou Wei

ဒီထဲမှာ နာမည်အတိအကျကိုတော့ ဖော်ပြထားခြင်းမရှိပေမယ့် တစ်ချို့သောစာကြောင်းတွေကတော့ Kris ကို ရည်ညွှန်းနေတယ်လို့ဆိုပါတယ် ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements