မကြာသေးမှီကကျင်းပခဲ့တဲ့ မင်းသား ပက်ခ်ဟွန်းစစ်ရဲ့ အင်တာဗျူးတစ်ခုမှာ Fan တွေအကြားချင်ဆုံးစကားတစ်ခုကို ပြောခဲ့ပါတယ် ။

ကျွန်တော် ပက်ခ်ဘိုယောင်းကို တကယ်ချစ်ပါတယ် .. ဒါကလည်း သူမက ချစ်စရာကောင်းနေလို့ပါ ။ ပက်ခ်ဘိုယောင်းက တကယ်ကို ဒိုဘိုဆွန်း ပါ ။ ကျွန်တော်သူမကို ချစ်တယ် ။ နောက်ထပ်လည်း အများကြီးထပ်ချစ်ချင်ပါတယ် .. ဒါပေမယ့် အဲဒါ ( ဇာတ်လမ်း ) က ပြီးသွားတယ် ။

ဘာကြောင့် ” Strong Woman Do Bong Soon ” ဇာတ်လမ်းတွဲကို ရိုက်ဖြစ်တာလဲဆိုတဲ့ အမေးကိုတော့ မင်းသားက ” ဒီလိုအလုပ်မျိုးကို ငြင်းမယ်ဆိုရင်တော့ ကျွန်တော်က တော်တော်ကို ရူးသွပ်နေလို့ ဖြစ်မှာပါ ။ မင်းသမီးက ပက်ခ်ဘိုယောင်း ဆိုတာသိတဲ့အချိန်မှာ ကျွန်တော် ဒီဇာတ်လမ်းကို ရိုက်မယ်လို့ဆုံးဖြတ်လိုက်တယ် ။ ကျွန်တော့်ဘေးက လူတိုင်းကတောင်တော်တော်မနာလိုဖြစ်ရတယ် ” လို့ပြောပါတယ် ။ 

ပက်ဟွန်းစစ်နဲ့ ပက်ဘိုယောင်းတို့ဟာ အတွဲညီညီသရုပ်ဆောင်နိုင်ခဲ့ကြပါတယ် ။ အနမ်းပေးတဲ့ အခန်းအပါအဝင် Romantic အခန်းတော်တော်များများကို တကယ့် ချစ်သူစုံတွဲတွေလို သရုပ်ဆောင်နိုင်ခဲ့ပါတယ် ။ ပက်ခ်ဟွန်းစစ်ကတော့ အောက်ပါအတိုင်းပြောပါတယ် ။

ပက်ဘိုယောင်းက ပြုံးတဲ့နေရာမှာတော့ တော်တော်ကျွမ်းကျင်တယ်ဗျ ။ Romantic Scene တွေ Kiss scenes တွေမှာပါ သူက ကျွမ်းကျင်မှုရှိပါတယ် ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements