K.A.R.D ကို LG က သူ့ရဲ့ Smart Phone သစ် LG G6 ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ သံတမံ အဖြစ် ခန့်အပ်လိုက်တယ်လို့ DSP Media က April 21 ရက်က ကြေငြာလိုက်ပါတယ် ။ အနုပညာရှင် လေးဦးပါဝင်တဲ့ အဖွဲ့ ဖြစ်ပြီးတော့ အဖွဲ့နာမည်ကို K.A.R.D လို့ပေးထားပါတယ် ။

အဖွဲ့ဝင် လေးဦးလုံးဟာ သူတို့ရဲ့ တတိယမြောက် ပရော့ဂျက် Rumor ကို LG G6 နဲ့အတူ ဖန်တီး၊ ဖြန့်ဝေ ကြမှာဖြစ်ပါတယ် ။

LG ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ အောက်ပါအတိုင်းပြောပါတယ် ။

ကျွန်တော်တို့ Global Ambassador အဖြစ် K.A.R.D ကိုရွေးလိုက်တယ် ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့နဲ့အတူတူ Music Video တွေ ၊ Performance တွေဖန်တီးဖို့ သူတို့မှာ ဖောင်ဒေးရှင်းကောင်းကောင်းရှိတယ် ။ သူတို့ဆီမှာရှိတဲ့ ကိုယ်ပိုင်ဆွဲဆောင်မှုလေးတွေနဲ့ ဒီ LG G6 ရဲ့ Image ကို မြှင့်တင်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။

   >> LG Representative <<

K.A.R.D ဆိုတာကတော့ BM , J. Sephb, Somin နဲ့ Jiwoo တို့အဖွဲ့ဝင်လေးယောက်ပါတဲ့ Band ပါ ။ သူတို့ရဲ့ ပထမဦးဆုံး သီချင်းဖြစ်တဲ့ Oh NaNa ကို 2016 ဒီဇင်ဘာမှာထွက်ရှိထားတာဖြစ်ပါတယ် ။ ဒုတိယသီချင်းဖြစ်တဲ့ Don’t Recall ကတော့ Yourube မှာ ၁၇ ရက်အတွင်း ကြည့်ရှုသူ ၁၀ သန်းကျော်ခဲ့ပါတယ် ။

သူတို့အဖွဲ့ဟာ နိုင်ငံရပ်ခြားကို Music Tour သွားရောက်ကျင်းပမှာဖြစ်ပါတယ် ။ နိုင်ငံလေးနိုင်ငံ မှာရှိတဲ့ မြို့ကြီး ၁၁ မှာကျင်းပမှာ ဖြစ်ပါတယ် ။သွားရောက်မယ့်နိုင်ငံတွေကတော့ US , ဘရာဇီး ၊ ကနေဒါ နဲ့ မက္ကစီကို နိုင်ငံတွေပဲ ဖြစ်ပါတယ် .။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements