PSY ဟာ April လမှာ အသစ်တွေထုတ်ဖို့ ကြိုးစားနေတယ်လို့ မကြာသေးမီက Report တွေ ထွက်လာပါတယ် ။ သူဟာ ဖိလစ်ပိုင် ပရိတ်သတ်တွေရှေ့မှာ သူကိုယ်တိုင် ကြေငြာခဲ့တာဖြစ်ပါတယ် ။ ဒါပေမယ့် April 21 ရက်က YG ရဲ့ပြောကြားချက်အရတော့ PSY ဟာ သူ့ရဲ့ Music Video နှစ်ခုကို ရိုက်ကူးပြီးစီးသွားပြီ ဖြစ်ပြီး မေလမှာ ပရိတ်သတ်တွေကို ချပြသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ် ။

ဒါဟာ PSY ရဲ့ ၈ ခုမြောက် Album သစ်ဖြစ်မှာဖြစ်ပါတယ် ။ သူ့ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ တေးအလ်ဘန်ကတော့ Chijip Psy-da ဖြစ်ပါတယ် ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS💛

Advertisements