အဆိုတော် IU ဟာ April 21 ရက်မှာ သူမရဲ့ အသစ်ထွက်မယ့် လေးခုမြောက် Studio Album ဖြစ်တဲ့ Palette ရဲ့ listening session ကို ကျင်းပခဲ့ပါတယ် ။ ဒီပွဲမှာတော့ ” Ending Scene ” ဆိုတဲ့ Music Video မှာ ကင်ဆူဟွန်း ပါဝင်ပေးတဲ့အကြောင်းကိုပြောခဲ့ပါတယ် ။

ကျွန်မက သူ့ကို ဒီMV မှာ ပါဝင်သရုပ်ဆောင်ပေးဖို့တောင်းဆိုခဲ့ပါတယ် ။ ဘာလို့လဲဆိုတော့ သူနဲ့ကျွန်မနဲ့ သိတာလည်း ကြာခဲ့ပါပြီ .. ကျွန်မရဲ့ ပထမဦးဆုံး ဒရမ်မာဖြစ်တဲ့ Dream High ကတည်းက သိခဲ့ကြတာပါ ။ Producer မှာလည်း အတူတူသရုပ်ဆောင်ခဲ့ကြပါတယ် ။ ကျွန်မက သူ့ကို ကူညီနိုင်မလားလို့မေးခဲ့တယ် .. ဒါကလည်း အရမ်းလှတဲ့ အပိုင်းတစ်ခုလည်းဖြစ်တယ် .. သူကလည်း ဒီ MV မှာ အဓိကနေရာကနေ ပါဝင်မှာပါ ။ သူက လုပ်မယ်လို့ပြောတော့ ကျွန်မ အရမ်းပျော်ခဲ့ပါတယ် ။

  >> IU <<

ဆက်လက်ပြီးတော့ ” သူအလုပ်တွေမျာနေတဲ့ကြားထဲက ကျွန်မကို ကူညီပေးခဲ့တဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ။ ကျွန်မတို့ ကောင်းမွန်တဲ့ music video တစ်ခုကို အတူလုပ်နိုင်ခဲ့ကြပါတယ် ။ အဲဒိအတွက်လည်း ကျွန်မကတော့ ပျော်နေပါတယ် ” 

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES  FANS💛

Advertisements