တောင်ကိုရီးယားအဆိုတော် Roy Kim ဟာ မေလငါးရက်နေ့က ကလေးများနေ့အတွက် Jahyewon နဲ့ Chunyangwon ကို လှူဒါန်းမှုပြုလုပ်လိုက်ပါတယ် ။ Jahyewon နဲ့ Chunyangwon ဆိုတာကတော့ Daejeon မှာရှိပြီး မပြည့်စုံတဲ့ကလေးတွေ ၊ Single Mother တွေကိုထောက်ပံ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ် ။ 

ရွိုင်ကင်ရဲ့ အဓိပ္ပါယ်ရှိပြီးတန်ဖိုးရှိတဲ့အလှူအတွက် Chunyangwon က ကျေးဇူးတင်စကားပြောကြားရာကနေ ပရိတ်သတ်တွေသိခဲ့တာဖြစ်ပါတယ် ။ ” ရွိုင်ကင်ဟာ နွေးထွေးတဲ့အလှူတစ်ခုကို ပြုလုပ်ခဲ့ပါတယ် ။ အဲဒိအတွက်လည်း ကျွန်တော်တို့က ဂုဏ်ယူပါတယ် ” လို့ Chunyangwon ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက IG မှာတင်ခဲ့တာဖြစ်ပါတယ် ။

Roy Kim ရဲ့ Agency ကတော့ ” သူကကလေးတွေအတွက် အရုပ်တွေအများကြီးဝယ်ပေးချင်ပါတယ် ။ ဒီပိုက်ဆံတွေက ကလေးတွေအတွက် အစားပြေစားစရာနဲ့ နွေရာသီ ဝတ်စုံတွေအတွက် လှူဒါန်းလိုက်တာပါ ။ သူက လှူဒါန်းမှုတွေကို Public ကို ချမပြစေချင်ပါဘူး ” လို့ဖြေထားပါတယ် ။ 

ဒါဟာ Roy Kim ရဲ့ ပထမဦးဆုံးအကြိမ်လှူဒါန်းမှုမျိုးတော့မဟုတ်ပါဘူး ။ 2012 ခုနှစ်တုန်းကခည်း အနုပညာကြေးရရှိတဲ့ ဝမ်သန်း၅၀၀ ရဲ့ ၆၀ ရာခိုင်နှုန်းကို လှူဒါန်းခဲ့ပါတယ် ။ Roy Kim ဟာ တခြားအဖွဲ့အစည်းတွေဖြစ်တဲ့ Compassion Korea နဲ့  Yeomyung School ကိုလည်း လှူဒါန်းခဲ့ပါတယ် ။ အဲဒိအဖွဲ့အစည်းတွေကတော့ မြောက်ကိုရီးယားကထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်မိသားစုက ကလေးတွေကို ကူညီစောင့်ရှောက်နေတာပဲ ဖြစ်ပါတယ် ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements