Kpop Festival in Myanmar 2017 ပွဲနဲ့အတူ မေလ ၆ ရက်နေ့မှာကျရောက်ခဲ့တဲ့ EXO ဘေခ်ဟွန်းရဲ့ မွေးနေ့ပွဲကို မြန်မာပရိတ်သတ်တွေနဲ့အတူ သုဝဏ္ဏဘူမိကွင်းထဲမှာ ကျင်းပခဲ့တာဖြစ်ပါတယ် ။ 

Kpop Festival in Myanmar ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်ကျင်းပတဲ့ Kpop Festival ဖြစ်ပြီး EXO နဲ့အတူ အခြားအဖွဲ့တွေလည်းပါဝင်ပါတယ် ။ EXO ဟာ နေ့လည် ၁၂ အချိန်မှာ NATURE REPUBLIC ပရိတ်သတ်တွေနဲ့ တွေ့ဆုံလက်မှတ်ထိုးခဲ့ကြပါသေးတယ် ။

ညမှာတော့ EXO မန်ဘာတွေ ၊ မြန်မာပရိတ်သတ်တွေနဲ့အတူ ဘေခ်ဟွန်းရဲ့ မွေးနေ့ကိုကျင်းပခဲ့တာပါ ။ EXO ကိုချစ်တဲ့ပရိတ်သတ်တွေက သူ့အတွက် မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ် ။ ဘေခ်ဟွန်းဟာ မေ ၆ ရက် ၁၉၉၂ မှာမွေးတာဖြစ်ပြီး ဒီပွဲဟာ အသက်၂၅ နှစ်ပြည့်မွေးနေ့ပွဲဖြစ်ပါတယ် ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements