IU ဟာ သူမရဲ့ လွန်ခဲ့တဲ့ ၅ နှစ်က အမျိုးသားပရိတ်သတ်တစ်ဦးကို ပေးခဲ့တဲ့ ကတိကို တည်နိုင်ခဲ့ပါပြီ ။ လွန်ခဲ့တဲ့ ၅ နှစ်က ပရိတ်သတ်တွေ့ဆုံပွဲနဲ့ လက်မှတ်ထိုးပွဲတစ်ခုမှာ အမျိုးသားပရိတ်သတ်တစ်ဦးက သူမနဲ့အတူ selfile အတူရိုက်ချင်တယ်လို့တောင်းဆိုခဲ့တာပါ ။ 

” ဖြစ်နိုင်ရင် IU နဲ့အတူ selfile တစ်ပုံလောက်ရိုက်ချင်ပါတယ် ” လို့ပြောခဲ့ပေမယ့် ပွဲက မြန်မြန်ဆန်ဆန် ပြီးသွားပြီး အချိန်မရလိုက်တာကြောင့် ဓာတ်ပုံအတူမရိုက်ခဲ့ရပါဘူး ။ 

ဒါပေမယ့် IU က ပရိတ်သတ်ကို ဂတိတစ်ခုပေးခဲ့ပါတယ် ။ နောင်ငါးနှစ်ကြာတဲ့အခါ ပြန်လည်တွေ့ဆုံဖို့ ကတိတစ်ခုပေးခဲ့ပါတယ် ။ သက်သေအဖြစ် စာရွက်အပြာလေးတစ်ရွက်ပေါ်ရေးပေးခဲ့တာပါ ။

ဒီစာကို နောင် ၅ နှစ်အထိ သိမ်းထားပေးပါ ။ အခုကနေ နောင်၅နှစ်ကြာရင် ကျွန်မကို ဒီစာလေးပြပါ ။ ကျွန်မရှင့်ကို အမှန်တကယ်လက်ဆောင်ပေးပါ့မယ် ။ 

IU

ပရိတ်သတ်ကလည်း ၅ နှစ်ကြာတဲ့အထိ စာရွက်လေးကို သိမ်းထားပါတယ် ။ ၅ နှစ်ကြာလို့ ပြတဲ့အခါ IU က ပျော်ပျော်ရွှင်ရွှင်ပဲ သူနဲ့အတူ ဓာတ်ပုံရိုက်ခဲ့ပါတယ် ။

ဒါဟာ ပရိတ်သတ်ကလည်း IU ကို ဘယ်လောက်ထိ သစ္စာရှိရှိ အားပေးကြောင်းနဲ့ IU ကလည်း ပရိတ်သတ်ကို ဘယ်လောက်အလေးထားကြောင်း ဖော်ပြသွားတာပါ ။ IU ဟာ လွန်ခဲ့တဲ့ ၅ နှစ်က ကတိကိုတည်သွားနိုင်ခဲ့ပါပြီ ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements