May လ ၆ ရက်နေ့မှာ ကျင်းပသွားတဲ့ Kpop Festival in Myanmar မှာ အဓိက ဖျော်ဖြေသွားတာ EXO အဖွဲ့ဖြစ်ပြီး ဒီပွဲဟာ EXO ပွဲလို့တောင်ပြောလို့ရပါတယ် ။ ဒါပေမယ့် EXO ပွဲဟာ 2014 ခုနှစ် နိုဝင်ဘာ ၂ ရက်က ကျင်းပခဲ့တဲ့ 2NE1 show ပွဲကို အမှီမလိုက်နိုင်ခဲ့ပါဘူး ။

  • Anti Fans 


2NE1 show ပွဲဟာ ဝင်ကြေးများပြားခြင်း ၊ နိုင်ငံခြားအဖွဲ့ဖြစ်သည့်အလျောက် ဝေဖန်မှုများရှိသော်လည်း anti Fans အမြောက်အများမရှိခဲ့ပါ ။ ဒါပေမယ့် EXO ကတော့ 2NE1 ထက် anti Fans များခဲ့ပါတယ် ။

  • Ticket Price

KMF လက်မှတ်ဈေးနှုန်းတွေဟာ ၅၀,၀၀၀ ကျပ်ကနေ ၃၀၀,၀၀၀ ကျပ်အထိ ရှိခဲ့ပေမယ့် 2NE1 ဈေးနှုန်းနဲ့ယှဉ်ရင် အတော်ကို နည်းပါတယ် ။ 2NE1 Myanmar Concert အတွက် လက်မှတ်တစ်စောင်ကို ၂၅,၀၀၀ ကနေ ၉၀၀,၀၀၀ ကျပ်အထိရှိပါတယ် ။

  • Local Celebrities Support 

    EXO Show ဟာ 2NE1 နဲ့ယှဉ်ရင် မြန်မာအနုပညာရှင်တက်ရောက်မှုနည်းပါတယ် ။ 2NE1 ဟာ Billboad Top 1 ၂ ကြိမ်တိုင်တိုင်ရရှိထားပြီး သူတို့ရဲ့ Facilities , Fashion များကို လေ့လာရန် မြန်မာ့နာမည်ကျော်တေးသံရှင်များ ၊ အနုပညာရှင်များ တက်ရောက်ခဲ့ကြပါတယ် ။

    • Fans Support

    EXO ဟာ 2NE1 နဲ့ယှဉ်ရင် Fans Support အတော်ကွာဟနေပါတယ် ။ KFM ပွဲစီစဉ်သူရဲ့ အဆိုအရ EXO Show ဟာ လက်မှတ် ၆,၀၀၀ ကျော်သာရောင်းရပါတယ် ။ 2NE1 Myanmar Concert ကတော့ ပွဲတက်ရောက်သူ 11,000 ကျော်ရှိတယ်လို့ wiki က ဖော်ပြထားပါတယ် ။

    • Feedback

    KFM နဲ့ပတ်သတ်ပြီးဘာ Comment မှ ထွက်မလာသေးပါဘူး ။ 2NE1 ကတော့ သူတို့ရဲ့ LED အပြင်အဆင် ၊ Fashion , သီဆိုဟန်နဲ့ အချိန်မဆွဲမှုတွေက ပေးရတဲ့ဈေးနဲ့ တန်တယ်လို့ VVIP Ticket ကနေကြည့်ရှုသူတစ်ဦးက ပြောထားပါတယ် ။

    မည်သို့ပင်ဖြစ်စေကာမူ EXO ချစ်သော ပရိတ်သတ်တွေနဲ့ 2NE1 ကိုချစ်သော ပရိတ်သတ်တွေဟာ ကိုယ့် IDOL ကို အပြည့်အဝအားပေးခွင့်ရတဲ့အတွက် ကျေနပ်နေကြပါတယ် ။ ဒါပေမယ့် 2NE1 ပွဲကတော့ မြန်မာပြည်အတွက် ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ်ဖြစ်သွားတာကတော့ စိတ်မကောင်းစရာပါ ။

    💚 Hangura is Beside You ! 💚

    💛 KOREA CELEBRITIES FANS 💛

    Advertisements