တောင်ကိုရီးယားရဲ့ နာမည်ကျော် ဒါရိုက်တာတစ်ဦးဖြစ်သူ ကန်ဟန်ချူ ကတော့ Swing Kids ဇာတ်ကားမှာ EXO member D.O ကို ခေါင်းဆောင်အဖြစ် ရိုက်ကူးသွားမှာဖြစ်တယ်လို့ SM Entertainment က ပြောပါတယ် ။ ” D.O ကတော့ ဒါရိုက်တာ ကင်နဲ့အတူ ရိုက်ခွင့်ရလို့ အရမ်းဝမ်းသာနေပါတယ် ” လို့ SM Entertainment ကပြောပါတယ် ။ 

ဒီဇာတ်လမ်းမှာ D.O ဟာ မြောက်ကိုရီးယားစစ်သားတစ်ယောက်အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပါတယ် ။ ကိုရီယားစစ်ပွဲအတွင်း သူဟာ မြောက်ကိုရီးယားစစ်သားတစ်ယောက်အဖြစ် တာဝန်ထမ်းတောင်ရင်း အကမယ်တစ်ယောက်ကို ချစ်ကြိုက်သွားမှာဖြစ်ပါတယ် ။ 

ဒါရိုက်တာကင်ဟန်ချူ  ဟာ Sunny , Scandal Maker စတဲ့ ရုပ်ရှင်တွေကြောင့် နာမည်ရလာသူလည်းဖြစ်ပါတယ် ။ ဒီဇာတ်လမ်းကိုတော့ ဒီနှစ် စက်တင်ဘာမှာ ထုတ်လွှင့်ဖို့ရှိပါတယ် ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements