Cube Entertainment ရဲ့ အနုပညာရှင် ဂျင်ဟိုဟာ EXO အဖွဲ့ရဲ့ ၁၃ ယောက်မြောက် အဖွဲ့ဝင်သစ်ဖြစ်လာနိုင်ပါတယ် ။ 

ဂျင်ဟိုဟာ ၂၀၁၂ EXO ပွဲဦးထွက်ကတည်းက ပါဝင်ဖို့ ဆန္ဒရှိတာပါ ။ သူ့အသက် ၁၆ နှစ်မှာ ဂျင်ဟိုဟာ Cube Entertainment ကနေ SM Entertainment ကိုပြောင်းရွှေ့လေ့ကျင့်ခဲ့ပါတယ် ။ SM မှာ ၂ နှစ်ကျော်ကြာလေ့ကျင့်အပြီးမှာတော့ SM ရဲ့ Project တစ်ခုဖြစ်တဲ့ SM the Ballad မှာ ပါဝင်ခဲ့ပါတယ် ။

SM The Ballad ဆိုတာကတော့ SHINEE အဖွဲ့က ဂျွန်ဟန် ၊ Super Junior အဖွဲ့ ကူဟွန် နဲ့ TRAX အဖွဲ့က ဂျေကင်တို့ပါဝင်ပြီး ၂၀၁၀ မှာ ဖွဲ့ထားတာဖြစ်ပါတယ်။


ဂျင်ဟိုဟာ EXO ရဲ့ ၁၃ ယောက်မြောက်မန်ဘာ ဖြစ်လာလိမ့်မယ်လို့ ကောလဟာလတွေ အများကြီးထွက်ခဲ့ပါတယ် ။ ဂျင်ဟိုဟာ SM Entertainment ရဲ့လူသိများတဲ့ အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ် ။ ဒါပေမယ့် အဆုံးသတ်မှာ ဂျင်ဟိုဟာ EXO အဖွဲ့ရဲ့  ၁၃ ယောက်မြောက် မန်ဘာ ဖြစ်မလာပါဘူး ။ ပရိတ်သတ်တွေကတော့ ဒါဟာ EXO – K နဲ့ EXO – M ကို လူညီအောင်ထားတဲ့သဘောလို့ပြောပါတယ် ။ 


၂၀၁၄ လောက်မှာ ဂျင်ဟိုဟာ SM Entertainment ကနေထွက်ခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ပွဲဦးထွက် အခွေတွေထွက်နေကြပါပြီ ။ SM Entertainment ကလည်း တခြားအဖွဲ့တစ်ခုကို စင်တင်ပေးနေတာကြောင့် သူ့ကို နှစ်အနည်းငယ်အတွင်းပွဲထုတ်ပေးနိုင်မှာမဟုတ်ပါဘူး ။ ဒါကြောင့် Cube Entertainmemt ကိုပဲ ပြန်လာခဲ့ပါတယ် ။ Cube Entertainment က မကြာခင်မှာ အမျိုးသားအဖွဲ့တစ်ဖွဲ့ကို ပွဲထုတ်ပေးနိုင်မယ်လို့ သူက ယုံကြည်ထားလို့ပါ ။


ဂျင်ဟိုဟာအခုတော့ Cube Entertainment နဲ့အတူ PENTAGON အနေနဲ့ပွဲဦးထွက်လာပါပြီ ။ ဂျင်ဟိုဟာ သူဘာကြောင့် SM ကနေထွက်ခဲ့သလဲဆိုတာ ပြောထားပါတယ် ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements