မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ Kpop Festival in Myanmar 2017 ပွဲမှာ EXO မန်ဘာ အချို့ဟာ မြန်မာပရိတ်သတ်တွေကို ” မင်္ဂလာပါ ” လို့နှုတ်ဆက်ခဲ့ကြပါတယ် ။

ဒီထဲမှာ ထူးထူးခြားခြား ရှောက်မင် ကတော့ ” စွန်းမိုက်တယ် ” တဲ့ ။ ဒီစကားလေးကို မြန်မာပရိတ်သတ်တွေ သဘောကျနေကြပါတယ် ။ 

မြန်မာလူငယ်တွေကြားရေပန်းစားနေတဲ့ အသုံးအနှုန်း နဲ့ နှုတ်ဆက်သွားလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ကြပါဘူး ။ 

” စွန်းမိုက်တယ် ” ဆိုတဲ့ စကားလေး သုံးခွန်းကို ရှောက်မင် အနေနဲ့ အတော်ကြိုးစားပြောခဲ့ရပါတယ် ။ ပီပီသသ ပြတ်ပြတ်သားသားမပြောနိုင်ခဲ့ပေမယ့် မြန်မာပရိတ်သတ်တွေကတော့ အဲလိုပြောခဲ့တာကို ကျေနပ်သဘောကျနေကြပါတယ် ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements