တောင်ကိုရီးယားဇာတ်လမ်းသစ်ဖြစ်တဲ့ Suscipious Partner မှာ ပါဝင်သရုပ်ဆောင်မယ့် မင်းသား ဂျီချန်းဝုခ် နဲ့ မင်းသမီး နမ်ဂျီဟွန်း တို့ဟာ သူတို့ရဲ့ ဇာတ်ရုပ်နဲ့ပတ်သတ်ပြီးသူတို့ရဲ့ အတွေးကိုပြောခဲ့ပါတယ် ။

ဂျီချန်းဝုခ် ဟာ မကြာသေးမီက K2 , Healer , Fabricted City စတဲ့ ဇာတ်လမ်းတွေမှာ သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒီဇာတ်လမ်းမှာတော့ အရင်နဲ့ မတူညီတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ရမှာဖြစ်ပါတယ် ။ 

 ဒီဇာတ်လေးက ရိုမန်တစ်ဇာတ်ကားလေးဖြစ်တော့ ကျွန်တော်သိချင်စိတ်တွေ ၊ မျှော်လင့်ချက်တွေများပါတယ် ။ ဇာတ်ညွှန်းကလည်း ဖျော်ဖြေရေးဇာတ်ညွှန်းလေးတစ်ခုဖြစ်ပြီးတော့ သရုပ်ဆောင်တွေကလည်း အရမ်းဖော်ရွေကြတော့ ဒီဇာတ်လမ်းမှာ ပျော်စရာတွေအများကြီး ရလိမ့်မယ်လို့ ထင်ပါတယ်

     >> ဂျီချန်ဝုခ် <<

သူ့ရဲ့ ဇာတ်ရုပ်ဖြစ်တဲ့ နိုဂျီဝုခ် နဲ့ပက်သတ်လို့ ” သူ့ရဲ့အလုပ်မှာပဲ ဖြစ်ဖြစ် ၊ သူ့ဘဝပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ် သူဟာအရမ်းခေါင်းမာတယ် ။ ဒီခေါင်းမာမှုက သူ့ရဲ့ထူးခြားမှုကနေဖြစ်ပေါ်လာတာပါ ။ သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့ အချက်လေးတွေကို ပရိတ်သတ်တွေခံစားနိုင်မယ်လို့ ထင်ပါတယ် ။ ဒီကားမှာ ပရိတ်သတ်ကို ဆွဲဆောင်နိုင်မယ်လို့ ထင်ပါတယ် ” လို့ပြောပါတယ် ။

မင်းသမီး နမ်ဂျီဟွန်းကတော့ မကြာသေးမီကမှ မင်းသား ဆိုအင်ဂတ် နဲ့အတူ Shopping King Louie ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ထားသူဖြစ်ပါတယ် ။ 

ကျွန်မကိုယ်ကျွန်မ ပြောင်းလဲသွားအောင်လုပ်တဲ့အခါ ကျွန်မ ပိုကြိုးစားရတယ် ။ ကျွန်မ ရိုက်ကူးရေးကို အကောင်းဆုံးလုပ်ချင်တယ် ၊ ပြီးတော့ ပရိတ်သတ်ကိုလည်း အကောင်းဆုံးတွေပဲ ချပြချင်တယ်

      >> နမ်ဂျီဟွမ်း <<

သူမရဲ့ ဇာတ်ရုပ် အန်ဘွန်ဟီး နဲ့ ပတ်သတ်လို့ ” ဘွန်ဟီးက အံ့ဩဖွယ်ကောင်းလောက်အောင်ကို ရိုးသားတယ် ၊ မိုက်တယ် ။ သူမက လောကီရေးရာမှာ လုံ့လဝရိယရှိပါတယ် ။ တကယ်တော့ သူမလည်း vitamin (အချစ်) တွေလိုချင်ပါတယ် ။ သူမက အမြဲ သွက်လက်၊ ထက်မြတ်နေတာမျိုးပါ ” လို့ပြောပါတယ် ။ 

PD ပက်ခ်ဆန်ဟို ကတော့ ” နမ်ဂျီဟွန်း ကျွန်တော် ထင်ထားတာထက်ကို လုပ်နိုင်သူပါ ။ သူရဲ့ သရုပ်ဆောင်မှုကို ၁၀၀ ရာခိုင်နှုန်းယုံကြည်ပါတယ် ။ ဂျီချန်ဝုခ် နဲ့အတူ ပရိတ်သတ်ကို ဆွဲဆောင်နိုင်စွမ်းရှိမယ်လို့ယုံကြည်ပါတယ် ။ နောက်ပြီး ဒါရိုက်တာဖြစ်တဲ့ကျွန်တော့်ကိုလည်း ခွန်အားတွေပေးနိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ပြောပါတယ် ။

Suspicious Partner ဇာတ်လမ်းတွဲကို ယနေ့ ( မေ ၁၀ ရက် ) မှာစတင်၍ အပတ်စဉ် ဗုဒ္ဓဟူး ၊ ကြာသပတေးနေ့တွေမှာ ထုတ်လွှင့်ပြသ သွားမှာ ဖြစ်ပါတယ် ။ 

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements