မြန်မာနိုင်ငံမှာကျင်းပတဲ့ Kpop Festival in Myanmar 2017 ပွဲမှာ EXO မန်ဘာတွေဖြစ်တဲ့ D.O , ဆူဟို နဲ့ ချမ်းရဲ တို့က မြန်မာလို နှုတ်ဆက်ခဲ့ကြပါတယ် ။

D.O နဲ့ ဆူဟို တို့ကတော့ မင်္ဂလာပါမြန်မာလို့ နှုတ်ဆက်ခဲ့ကြပါတယ် ။ ဒါပေမယ့် D.O ရဲ့ လေယူလေသိမ်းဟာ မြန်မာအမျိုးသားတစ်ယောက်လို ဌာန် ၊ ကရိုဏ်းကျလွန်းနေတာမို့ မြန်မာပရိတ်သတ်တွေ အံ့ဩခဲ့ရတာပါ ။ 

မြန်မာပြည်မှာ တောင်ကိုရီးယား ပနုပညာရှင် အကြော်အမော်များ လာရောက်ဖျော်ဖြေမှု များပြားလာပါတယ် ။ 2NE1 ဆန်းဒါရာ ၊ CL အပါအဝင် တောင်ကိုရီးယား စတားအများစုက မြန်မာလို နှုတ်ဆက်ခဲ့ကြပေမယ့် ပီသမှု ၊ လေယူလေသိမ်းမှန်ကန်မှု စတာတွေမှာ ဘယ်သူမှ D.O ကို မယှဉ်နိုင်ခဲ့ကြပါဘူး ။

ဒါ့အပြင် D.O ဟာ အင်္ဂလိပ် ၊ ဂျပန် စတဲ့ ဘာသာစကားများကိုလည်း လေယူလေသိမ်းမှန်မှန်ကန်ကန် ပြောနိုင်တယ်လို့လည်း ပရိတ်သတ်တွေက ပြောကြပါတယ် ။ တစ်ချို့ပရိတ်သတ်တွေကတော့ D.O ဟာ ဘာသာစကားတော်တော်များများကို အသံထွက်မှန်အောင်ပြောနိုင်တယ်လို့ ဆိုပါတယ် ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements