မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ Kpop Festival 2017 ပွဲမှာ Kai ဟာ ပရိတ်သတ်တစ်ဦးရဲ့ လက်ရာကို ကြည့်ဖို့ ဆိုလက်စ သီချင်းကို ရပ်ခဲ့ပါတယ် ။

EXO ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်ကျင်းပခဲ့တဲ့ Kpop Festival မှာလာရောက်ဖျော်ဖြေခဲ့တဲ့အပြင် NATURE REPUBLIC Fans Sign Event ကိုလည်း တက်ရောက်ခဲ့ပါတယ် ။ 

Show ပွဲမှာတော့ Kai ဟာ ” Tender Love ” သီချင်းကို သီဆိုနေရင်း စတိတ်ခုံပေါ်မှာ တင်ထားတဲ့ အရာတစ်ခုကို ရုတ်တရက်တွေ့လိုက်ပါတယ် ။ သီချင်းတစ်ဝက်မှာတော့ သူဟာ စတိတ်ခုံရဲ့ အစွန်းကို သွားပြီးကြည့်လိုက်မိပါတယ် ။

အဲဒါဟာ EXO အဖွဲ့ရဲ့ အမာခံပရိတ်သတ် မဖူးပွင့်ဝေရဲ့ စာအုပ်လေးတစ်အုပ်ပဲ ဖြစ်ပါတယ် ။ မဖြူပွင့်ဝေဟာ EXO မန်ဘာတစ်ဦးချင်းဆီရဲ့ ပုံတွေကို Fanart အနေနဲ့ ဖန်တီးထားတာဖြစ်ပါတယ် ။

EXO Kai ဟာ ထိုစအုပ်လေးကို ကြည့်ရင်း အရမ်းကိုကျေနပ်နေခဲ့ပါတယ် ။ စက္ကန့်ပိုင်းလောက် ထိုစာအုပ်ကို ငေးမောကြည့်ရင်း ဆိုလက်စ သီချင်းကိုတောင် မဆိုပဲ ရပ်တန့်ခဲ့ပါတယ် ။ ထို့နောက်စာအုပ်လေးကို အသာအယာပဲ ကြမ်းပြင်ပေါ်ပြန်ချထားလိုက်ပါတယ် ။ 

ပွဲပြီးသွားတဲ့အခါမှာတော့ ပရိတ်သတ် မဖူးပွင့်ဝေဟာ သူ့စာအုပ်လေးကို ပြန်ရခဲ့ပါတယ် ။ Kai ရဲ့ ကျေနပ်နှစ်သက်မှုတွေကတော့ စာအုပ်ထဲမှာ ကျန်ရစ်နေခဲ့ပါပြီ  ။

ပါရမီရှင်လေး မဖူးပွင့်ဝေရဲ့ အံ့ဩစရာ Fan art လက်ရာများ

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements