တောင်ကိုရီးယား ဇာတ်လမ်းသစ်ဖြစ်တဲ့ Swing Kids ဇာတ်လမ်းမှာ EXO အဖွဲ့ဝင် D.O ဟာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်မှာဖြစ်ပါတယ် ။ 

ဇာတ်လမ်းကိုရိုက်ကူးမယ့် ဒါရိုက်တာ ကန်ဟန်ချူးကတော့ ဝမ် ၁၀ ဘီလျီယံ ခန့် အကုန်ကျခံရိုက်ကူးမယ့် သူ့ဇာတ်လမ်းအတွက် D.O ကိုရွေးချယ်ရတာဟာ ကံကြမ္မာပဲ ဖြစ်တယ်လို့ပြောပါတယ် ။ 

D.O ဟာ ကိုရီးယားစစ်ပွဲအတွင်း အကျဉ်းစခန်းတစ်ခုမှာ အကမယ်လေးကိုချစ်မိသွားတဲ့ မြောက်ကိုရီးယား စစ်သားငယ်တစ်ယောက်အဖြစ်သရုပ်ဆေင်ရမှာဖြစ်ပါတယ် ။ ဒီဇာတ်ကားဟာ အချစ်ဦးစားပေးဇာတ်ကားလေးလည်းဖြစ်တယ်လို့ပြောပါတယ် ။

ဒါရိုက်တာ ကန်ဟာ မေ ၁၁ က အင်တာဗျူးတစ်ခုမှာတော့ ” ကျွန်တော် ဒိုကျန်ဆူ ကိုမြင်တော့ သူက တကယ်ကို TV ထဲကထွက်လာသလိုပဲ ၊ ဒါက ပရိတ်သတ်ကို အံ့ဩအောင်လုပ်နိုင်တယ် ၊ ဆိုလိုတာက သူဒီကားမှာအောင်မြင်သွားနိုင်တယ် ” လို့ပြောပါတယ် ။

ဆက်လက်ပြီး ” ကျွန်တော်က D.O ကို idol တစ်ယောက်ဆိုတာတောင် မသိခဲ့ဘူး ။ နာမည်ကြီးလူတွေကို ရွေးချယ်ရင်းလည်း ခေါင်းခြောက်မခံခဲ့ဘူး ၊ ဒီဇာတ်ကောင်နဲ့ ကိုက်ညီနိုင်င်မယ့်လူကိုပဲ အကောင်းဆုံးရွေးချယ်ခဲ့တယ် ” လို့ပြောပါတယ် ။

ဒါ့အပြင် ကိုယ့်ရဲ့ရုပ်ရှင်က ပိုပြီးရည်မှန်းချက်ကြီးလေလေ ဇာတ်ကောင်နဲ့ ကိုက်ညီမယ့်လူကို ပိုသေချာအောင်ရွေးရလေဖြစ်ကြောင်းနဲ့ ၊ သူဟာ D.O ရဲ့ ဒီပွဲဦးထွက်ဇာတ်ကားအတွက် ယုံကြည်မှုရှိကြောင်းပြောခဲ့ပါတယ် ။

ဒါရိုက်တာ ကန်ဟန်ချူးဟာ ” ကျွန်တော်ကတော့ ဒီကားမှာ ကြိုးစားရပါတယ် ၊ ဒါမှလည်း ကျွန်တော့်ဇာတ်ကားကို ကြည့်တဲ့ သူတွေကျေနပ်ကြမှာပေါ့ ” လို့ပြောပါတယ် ။ 

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements