မြန်မာနိုင်ငံမှာ ပထမဦးဆုံးအကြိမ်ကျင်းပတဲ့ Kpop Festival in Myanmar ပွဲမှာ တောင်ကိုရီးယား Kpop အမျိုးသမီးအဖွဲ့ဖြစ်တဲ့ Matilda က သင်္ကြန်မိုးသီချင်းနဲ့ မြန်မာပရိတ်သတ်တွေကို ဖျော်ဖြေသွားပါတယ် ။

မြန်မာပရိတ်သတ်တွေကတော့ ယခုလို မြန်မာသီချင်းနဲ့ ဖျော်ဖြေသွားတဲ့အပေါ် သဘောကျအကြိုက်တွေ့နေပါတယ် ။

မီးအလင်းအမှောင် ၊ LED တို့နဲ့အတူ လေသံဝဲဝဲလေးတွေက မြန်မာပရိတ်သတ်ကို တစ်မျိုးတစ်မည် ဆွဲဆောင်နေပါတယ် ။ 

Marilda ဟာ ဒီသီချင်းကို သီဆိုနိုင်ဖို့ တောင်ကိုရီးယားမှာကတည်းက ဒီပွဲအတွက်ရည်စူးပြီးလေ့ကျင့်ထားကြောင်းပေါ်လွင်နေပါတယ် ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements