တောင်ကိုရီးယား ပေါ်ပြူလာ ရေဒီယို အစီအစဉ်တစ်ခုဖြစ်တဲ့ MBC Talk Show မှာ BIGBANG အဖွဲ့ဝင်တွေဟာ Taeyang ရဲ့ ကိုယ်တိုင်ရေး စာအကြောင်းကို ဆွေးနွေးခဲ့ကြပါတယ် ။ 

တေးယန်း ကတော့ သူဟာ သူ့ကောင်မလေးဆီကို ဘယ်နေရာရောက်ရောက် သတိရကြောင်း စာရေးလေ့ရှိပါတယ် ။ နောက်ပြီး တစ်ခါတစ်ရံမှာ သုမဆီကို ပန်းစီးတွေ ပို့ပေးတတ်ပါတယ်လို့ ပြောပါတယ် ။ 

ဒါပေမယ့် လက်တွေ့မှာတော့ တေးယန်းဟာ သူ့ကောင်မလေးဆီကို ပန်းစီးတွေ မပို့ပေးဖြစ်ခဲ့ပါဘူး ။

တေးယန်းဟာ BOGBANG အဖွဲ့အောင်မြင်ဖို့ ကြိုးစားနေရတဲ့ အချိန်တုန်းက T.O.P ဆီကို စာတစ်စောင်ရေးဖူးပါတယ် ။ T.O.P ဟာ Out Of Control ရိုက်ကွင်းအတွက် ဂျာမနီကိုသွားရမယ့်အချိန်လည်းဖြစ်ပါတယ် ။

ဒါပေမယ့် တစ်ဖွဲ့လုံးမအားတာကြောင့် သူနဲ့အတူ ဘယ်သူမှမလိုက်နိုင်ခဲ့ပါဘူး ။ ဒါပေမယ့် တေးယန်းက T.O.P စိတ်ကျေနပ်အောင်နဲ့ အဖွဲ့သားတွေလည်း စည်းလုံးချစ်ခင်မှု မပျက်အောင် စာရေးပေးလိုက်တာပါ ။ စာရဲ့ အဆုံးသတ်မှာတော့ ” I Love You ” ဆိုပြီးနိဂုံးချုပ်ထားတာပါ ။

T.O.P ဟာ ဒီစာကိုဖတ်ပြီးမျက်ရည်ကျခဲ့ရပါတယ် ။ ဘာကြောင့်လဲဆိုတော့ ယောက်ျားလေးတစ်ယောက်အနေနဲ့ တခြားယောက်ျားလေးတစ်ယောက်ကို ဒီလိုပြောဖို့ ခက်ခဲလွန်းပါတယ် ။ တေးယန်း ရဲ့ သူ့အပေါ်ထားတဲ့ နက်နဲတဲ့ သံယောဇဉ်ကို မြင်ခဲ့လိုပါပဲ ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements