ချစ်စရာကောင်းတဲ့ မင်းသမီးပက်ခ်ဘိုယောင်းဟာ သူမရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး အရိပ်အမြွက်ပြောခဲ့ပါတယ် ။ 

Women’ Sense မဂ္ဂဇင်းရဲ့ အင်တာဗျူးမှာ သူမရဲ့ အောင်မြင်ကျော်ကြားတဲ့ Strong Woman Do Bong Soon ဇာတ်ကားထဲက မင်းသားပက်ခ်ဟွန်းဆစ်အကြောင်းပြောခဲ့ပါသေးတယ် ။ 

ထိုဇာတ်လမ်းတွဲဟာ လူအများကြိုက်နှစ်သက်ခဲ့ပြီး ဇာတ်လမ်းအပြီးမှာလည်း တစ်ချို့ပရိတ်သတ်တွေက တစ်ကယ်တွဲနေကြပြီလို့ထင်နေကြပါတယ် ။

ဒါပေမယ့် ဘိုယောင်းကတော့ ” သူ(ပက်ခ်ဟွန်းဆစ်) နဲ့ ကျွန်မ ဒိတ်စရာ အကြောင်းမရှိပါဘူး ” လို့ ရယ်ရယ်မောမော ဖြေကြားခဲ့ပါတယ် ။

ဒါအပြင်သူမက သူမအားကျတဲ့ စိတ်ကူးထဲက ချစ်သူက ဘယ်လိုမျိုးလဲဆိုတာပြောပြခဲ့ပါတယ် ။ 

ကျွန်မက ကိုယ့်ခံစားချက်ကို တည်တည်တံ့တံ့နဲ့ ဖော်ပြတတ်တဲ့ ယောက်ျားမျိုးကို သဘောကျတယ် ။ ခုချိန်ထိတော့ ” ငါမင်းကို ချစ်မိနေပြီထင်တယ် ” လို့ပြောတဲ့သူ မရှိသေးပါဘူး ။

>> ပက်ခ်ဘိုယောင်း <<

သူမဟာ ချစ်စရာကောင်းတဲ့ ချစ်သူလေးတစ်ယောက်ကိုလည်း လိုချင်ကြောင်းပြောခဲ့ပါသေးတယ် ။ လတ်တလောမှာတော့ သူမဟာ ” Strong Woman Do Bong Soon ” ဇာတ်လမ်းတွဲနဲ့ အောင်မြင်မှုရရှိထားသူဖြစ်ပါတယ် ။ 

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements