မေလ ၁၂ ရက်နေ့မှာ တောင်ကိုရီးယားအနုပညာရှင် လီမင်ဟိုဟာ စစ်မှုထမ်းဆောင်ဖို့ အသင့်ဖြစ်နေပါပြီ ။ 

လီဟာ ၂၀၁၇ နှစ်ကုန်ပိုင်းအထိ ဂန်နမ်မှာ လူမှုဖူလုံရေးဝန်ထမ်းအဖြစ်ဆောင်ရွက်မှာဖြစ်ပြီး ၂၀၁၈ မှာတော့ စစ်ရေးလေ့ကျင့်မှုများကို စတင် စခန်းသွင်းလုပ်ဆောင်ရမှာဖြစ်ပါတယ် ။ 

လီမင်ဟိုဟာ ၂၀၀၆ ခုနှစ်မှာ ပြင်းထန်တဲ့ ကားအက်စီးဒင့်ဖြစ်တာကြောင့် နံရိုးကျိုးခဲ့ပြီး စစ်မှုမထမ်းခဲ့ပါဘူး ။ ၂၀၁၁  ခုနှစ်မှာလည်း အက်စီးဒင့် ဖြစ်တာကြောင့် စစ်မှုမထမ်းနိုင်ခဲ့ပါဘူး ။ 

၂၀၁၇ မေ ၁၂ ရက်နေ့ တရားဝင်စစ်မှုထမ်းချိန်မှာတော့ လီမင်ဟိုကို ချစ်တဲ့ ပရိတ်တွေဟာ လာရောက်နှုတ်ဆက်ကြပါတယ် ။ 

လီမင်ဟိုဟာ အနုပညာအလုပ်တွေကို နှစ်အနည်းငယ်ရပ်နားရတော့မှာဖြစ်ပြီး နောက်ဆုံးရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲကတော့ SBS က ” The Legend of The Blue Sea ” ဖြစ်ပါတယ် ။ ဒါ့အပြင် လီဟာ မေလ ၁၁ ရက်နေ့ကလည်း innisfree Cosmetic အတွက် ဂျယ်ဂျူကျွန်းမှာ ကြော်ငြာရိုက်ပေးခဲ့ပါသေးတယ် ။

လီမင်ဟို စစ်မှုထမ်းဆောင်သည့် ဓာတ်ပုံများကြည့်ရန် >>

လီမင်ဟို နောက်ဆုံးရိုက်ခဲ့သည့်ကြော်ငြာဓာတ်ပုံများကြည့်ရန် >>

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements