Living Song Entertainment ကနေကျင်းပတဲ့ International HipHop Festival in Myanmar 2017 ပွဲဟာ ယခင် မေ ၁၃ ရက်ကနေ ဇွန်လ ၁၂ ရက်ကို တရားဝင်ရွှေ့ပြောင်းလိုက်ပြီဖြစ်ပါတယ် ။

တေးသံရှင်တစ်ဦး ဖြစ်တဲ့ Soulja Boy နဲ့အတူ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ UnDer Dawg Festival ကို လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ ကျင်းပမှာဖြစ်ကြောင်း တရားဝင်ပြောဆိုလိုက်ပါတယ် ။ 


ဒီပွဲမှာတော့ ကမ္ဘာကျော် HipHop အဆိုတော်ကြီးတွေဖြစ်တဲ့ Nelly , Soulja Boy တို့အပြင် Kpop အနုပညာရှင် CL က Main Headlinear အဖြစ်ပါဝင်ဖျော်ဖြေသွားမှာဖြစ်ပါတယ် ။

ဒီပွဲဟာ kpop Show ပွဲမဟုတ်ဘဲ International HipHop Festival သာဖြစ်ပြီး CL ဟာ တောင်ကိုရီးယားကိုယ်စားပြု တေးသံရှင်တစ်ယောက်အနေနဲ့ ပါဝင်မှာဖြစ်ပါတယ် ။

Sponser အဖြစ် MPT , MNTV နဲ့ VIVE CLUB တို့က ပံ့ပိုးထာပြီး Pre- listening ပွဲကိုတော့ April 29 မှာ VIVE Club မှာ ကျင်းပမှာဖြစ်ပါတယ် ။ 

ပွဲကိုတော့ ရန်ကုန် သုဝဏ္ဏဘူမိ Event Park မှာကျင်းပမှာဖြစ်ပါတယ် ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements