ဂိုကျန်ပျိုနဲ့ ပက်ခ်ဘိုဂန် ဟာရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ကြတဲ့အလျောက် ပက်ခ်ဘိုဂန်ကတော့ ကျန်ပျို ရဲ့ Chicago Typewriter ကို Support လုပ်တဲ့အနေနဲ့ လက်ဆောင်ပို့ပေးလိုက်ပါတယ် ။
မေ ၁၃ ရက်က ကျန်ပျိုဟာ သူ့ရဲ့ Instagram မှာ ” ပက်ခ်ဘိုဂန်က တော်တော်ကြင်နာတတ်တဲ့သူပါ ၊ ကျွန်တော် သူ့ကျေးဇူးတွေကို ပြန်ဆပ်ပါဦးမယ် ၊ ကျေးဇူးပဲဗျာ ” ဆိုတဲ့ စာနဲ့အတူ ဓာတ်ပုံတစ်ပုံတင်လိုက်ပါတယ် ။

 ဓာတ်ပုံထဲမှာတော့ ကျန်ပျိုဟာ ” ငါမင်းကို ချစ်တယ် ၊ မင်းဆီကို ဒီလို ကော်ဖီကားလေးပို့ ခွင့်ရတဲ့အတွက် ကျေနပ်တယ် ” လို့ရေးထားတဲ့ ကော်ဖီနဲ့ နေလည်စာတွေပါတဲ့ ကားရှေ့မှာ ရပ်နေတာပါ ။

ပက်ခ်ဟာ သူ့ဆီကို ကော်ဖီနဲ့ နေ့လည်စာတွေပို့ပေးခဲ့တယ်ထင်ပါတယ် ။ ကျန်ပျိုကလည်း ရိုက်ကူးရေးတွေနဲ့ မအားလောက်အောင် အလုပ်ရှုပ်နေတာပါ ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements