Mister Global 2017 ပွဲမှာ တောင်ကိုရီးယားကိုစားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိုရီးယား Mister ဆူဂျေယိုဟာ လက်ရှိမှာ မြန်မာပရိတ်သတ်တွေနဲ့ထိတွေ့မှုများနေပါတယ် ။ 

ဆူဂျေဟာ Mister Global ပွဲအပြီးမှာ သူ့အနေနဲ့ မြန်မာနိုင်ငံကို လာချင်ကြောင်း ၊ မြန်မာစကား ခက်ကြောင်းစသဖြင့် သူ့ရဲ့ တရားဝင်ဖေ့ဘွတ်အကောင့်ကနေ ရေးတင်လေ့ရှိပါတယ် ။

ဒါ့အပြင် ဆူဂျေဟာ ပရိတ်သတ်တွေကို “မင်္ဂလာပါ ” လို့ မကြာခဏနှုတ်ဆက်လေ့ရှိသူဖြစ်ပါတယ် ။ ဒါပေမယ့်လည်း မှန်တစ်ချက် မမှန်တစ်ချက်ပါပဲ ။စိတ်ဝင်စားစရာကောင်းတာကတော့ ” မြန်မာပြည်ကိုလာချင်တယ် ” ဆိုတဲ့စာသားဟာ လုံးဝကွက်တိမှန်နေတာပါပဲ ။ ဒါဟာ တစ်ခြားလူတစ်ယောက်နဲ့အတူ သုံးနေလားလို့ ထင်စရာရှိပါတယ် ။

ဆူဂျေဟာ သူ့ရဲ့ ယောက်ျားပီသမှု ၊ ချောမောမှုတွေကြောင့် မြန်မာမိန်းကလေးအများစုရဲ့ ဝန်းရံခြင်းခံနေရတာလည်းဖြစ်ပါတယ် ။ ဆူဂျေဟာ comment ပိတ်ထားပေမယ့် comment အများစုဟာ မြန်မာပရိတ်သတ်တွေ ဖြစ်နေပါတယ် ။ ဆူဂျေဟာ လက်ရှိ Follower 6,000 ကျော်ရှိပါတယ် ။

ဆူဂျေဟာ Mister Global 2017 ပွဲမှာ Mister Congeniality ဆုကိုရရှိခဲ့တာလည်းဖြစ်ပါတယ် ။

💚 Hangura is Beaide You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements