EXO အဖွဲ့ဟာ ပြီးခဲ့တဲ့ မေလ ၂၇ ရက်နဲ့ ၂၈ ရက်နေ့မှာ သူတို့ရဲ့ concert ကို ကျင်းပခဲ့ပါတယ် ။ D.O ဟာ သူ့ရဲ့ earphone ကို တပ်ရင်း ပရိတ်သတ်တွေကို ပြုံးပြခဲ့ပါတယ် ။ ပရိတ်သတ်တွေကလည်း ” cute .. cute ” လို့ အားပေးနေတာကို D.O က ” ကျေးဇူးတင်ပါတယ် ” လို့ တုန့်ပြန်ခဲ့တာပါ ။ 

ဒါပေမယ့် ပရိတ်သတ်ရဲ့အသံတွေဘာကြောင့်ရပ်မသွားလဲဆိုတာကို D.O မသိခဲ့ပါဘူး ။ တကယ်တော့ပရိတ်သတ်တွေက D.O ရဲ့ အကျီင်္အောက်က abs တွေကြည့်ရဖို့မျှော်လင့်ခဲ့တာပါ ။ 

Suho ကတော့ ” ကွမ်ဆို ဘယ်ချိန်ကျမှ မင်းရဲ့ abs တွေကိုပြမှာလဲ ” လို့မေးခဲ့ပါတယ် ။ ဒါပေမယ့် D.O ကတော့ ” ကျွန်တော့်မှာ ဘာ Abs မှ မရှိပါဘူး ။ ကျွန်တော်က Abs နဲ့အတူ မွေးလာတာမဟုတ်ပါဘူး ။ တောင်းပန်ပါတယ် ” လို့ဖြေခဲ့ပါတယ် ။

D.O ဟာ သူ့မှာ ပရိတ်သတ်တွေကိုပြစရာ Abs မရှိတဲ့အတွက် ပရိတ်သတ်တွေအနေနဲ့ စိတ်ပျက်စရာဖြစ်သွရင် တောင်းပန်တယ်လို့ ဆိုလိုက်တာပါ ။

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements