လတ်တလောပြသလျက်ရှိတဲ့ Ruler Master of The Mask ( မျက်နှာဖုံးအရှင်သခင် ) ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ကြတဲ့ မင်းသား ယွန်ဆန်းဟို နဲ့ မင်းသမီး ကင်ဆိုဟွန်းတို့က သူတို့နှစ်ဦးဟာ တစ်ဦးချင်းစီရဲ့ စိတ်ကူးထဲက ချစ်သူပုံစံပါလို့ ပြောလိုက်ပါတယ် ။ 

မကြာသေးမီက ” V Live ” အစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပရိတ်သတ်တွေက ယွန်ဆောင်းဟို နဲ့ ကင်ဆိုဟွန်းကို သူတို့ရဲ့ ချစ်သူက ဘယ်လိုပုံစံမျိုးလဲလို့မေးခဲ့တာပါ ။ 

ပထမဦးဆုံး ကင်ဆိုဟွန်းက ယွန်ဆန်းဟိုရဲ့ ideal type က ပြောင်းသွားပြီဖြစ်ကြောင်း ၊ အဲဒိကောင်မလေးက ဘယ်သူဆိုတာကို သူမသိချင်ကြောင်းပြောခဲ့ပါတယ် ။ ယွန်ဆန်းဟိုက သူမ ( ကင်ဆိုဟွန်း ) က သူ့ရဲ့ စိတ်ကူးထားတဲ့ ချစ်သူအသစ်ပါလို့ပြောလိုက်တဲ့အခါမှာ သူမပျာယာခက်သွားပါတယ် ။ ဒါပေမယ့် သူမကလည်း ယွန်ဆန်းဟိုကို သူမရဲ့ ideal type အဖြစ်ရွေးချယ်ခဲ့ပါတယ် ။ 

အခြေအနေကိုကြည့်ပြီးအစီအစဉ်တင်ဆက်သူက ” နှစ်ယောက်သား ဘာလို့ ချိန်းမတွေ့သေးတာလဲ ” လို့နောက်ပြောင်ရင်း စမ်းသပ်ခဲ့ပါတယ် ။ 

http://m.vlive.tv/video/33709

💚 Hangura is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements