Goblin ဇာတ်လမ်းတွဲပြီးဆုံးသွားတဲ့နောက်မှတော့ အဓိကမင်သားနှစ်လက်ဖြစ်တဲ့ ဂွန်ယို နဲ့ လီဒေါင်ဝုခ်တို့ဟာ ကမ္ဘာတစ်လွှားမှာ ပရိတ်သတ်အမြောက်အများရရှိခဲ့ပါတယ် ။ 

မကြာသေးမီကပဲ လီဒေါင်ဝုခ်ဟာ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့မှာကျင်းပတဲ့ Paris Fashion Womenwear Spring ပွဲကို တက်ရောက်ခဲ့ပါတယ် ။ ဒီပွဲကိုတက်ရောက်လာတဲ့ တခြားပရိတ်သတ်တွေကလည်း လီဒေါင်ဝုခ်ကိုတွေ့ရဖို့ ရင်ခုန်နေပါတယ် ။

လီဒေါင်ဝုခ်ကတော့ ပရိတ်သတ်အားလုံးကို ပြုံးပြနှုတ်ဆက်ခဲ့ပြီး လက်မှတ်ရေးထိုးပေးတာတွေပါပြုလုပ်ခဲ့ပါတယ် ။ 

လီဒေါင်ဝုခ်ရဲ့ အချိန်ဇယားအရ သူဟာ ပဲရစ်မြို့မှာအလည်အပတ်နေဦးမှာလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် သူ Paris ရောက်နေတဲ့ ပုံလေးတွေကိုလည်း သူ့ရဲ့ instagram မှာ မျှဝေပေးထားပါတယ် ။ 

💚 Hangul is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements