BIGBANG အဖွဲ့ရဲ့တေးသံရှင် တေးယန်းရဲ့ Eye,Nose,Lip Music Video ဟာ October 8 ရက်နေ့မှာကြည့်ရှုသူသန်း ၁၀၀ ပြည့်သွားပြီဖြစ်ပါတယ် ။ ဒါဟာ BIGBANG အဖွဲ့ရဲ့ ၁၀ပုဒ်မြှေက် သန်း၁၀၀ပြည့်တာလဲဖြစ်ပါတယ် ။ 

တေးယန်းရဲ့ Eye,Nose,Lip သီချင်းဟာ ပြတ်သွားတဲ့ရည်းစားဟောင်းအကြောင်းကိုသီဆိုထားတာဖြစ်ပြီး 2014 ခုနှစ်ကထွက်ရှိထားတဲ့ ” Rise ” Album ထဲက သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ် ။ 

ဒီသီချင်းဟာ ရိုးရိုးရှင်းရှင်းဖြစ်မှုနဲ့ သူ့ရဲ့ခံစားချက်မြင့်မားတဲ့ သီချင်းစာသားတွေကြောင့် လူကြိုက်များပြီးCover ဆိုသူလည်းများပြားပါတယ် ။

BIGBANG အဖွဲ့ရဲ့ သန်း၁၀၀ပြည့်သွားတဲ့ သီချင်းတွေကတော့ FXXK IT,” “Blue,” “Let’s Not Fall in Love,” “Fantastic Baby,” “BANG BANG BANG,” “Loser,” “Bad Boy,” G-Dragon and Taeyang’s “Good Boy,” G-Dragon’s “Crooked,” and Taeyang’s “Eyes, Nose, Lips.” ပဲဖြစ်ပါတယ် ။

Taeyang – Eye,Nose,Lip MV

💚 Hangul is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛