OCN ကနေပြသမယ့် ” Children of the Small God ” ဇာတ်လမ်းတွဲမှာ ဂျိုမင်ကီကိုဖယ်ရှားလိုက်ပြီး သူ့နေရာမှာလီဂျေယောင်းကိုအစားထိုးသွားမယ်လို့ကြေငြာခဲ့ပါတယ် ။ 

ဖေဖော်ဝါရီလ ၂၂ရက်နေ့ကတော့ ” အရမ်းကွာခြားပါတယ် ။ ဂျိုမင်ကီရဲ့ဇာတ်ရုပ်က ဇာတ်လမ်းမှာအရမ်းခရာကျပါတယ် ။ ဒီတော့ကျွန်တော်တို့က အဲဒိဇာတ်ရုပ်ကိုဖယ်ထုတ်လိုက်တာမျိုးမဟုတ်ဘဲ အစားထိုးဖို့စဉ်းစားထားတာပါ။” လို့ဆိုပါတယ် ။ 

ဒါ့အပြင် ရုပ်သံပြသမှုကို တစ်ပတ်နောက်ဆုတ်ရခြင်းမှာလည်း အိုလံပစ်အားကစားပြိုင်ပွဲကြောင့်သာဖြစ်ပြီး ဂျိုမင်ကီကြောင့်မဟုတ်ဘူးလို့လည်းဆိုပါတယ်။ 

” Children of the Small God ” ဇာတ်လမ်းတွဲရဲ့ပထမအပိုင်းကို မတ်လ၃ရက်နေ့မှာစတင်ပြသမှာဖြစ်ပါတယ် ။ 

💚 Hangul is Beside You ! 💚

💛 KOREA CELEBRITIES FANS 💛

Advertisements