tvN ကနေထုတ်လွှင့်ပြသမယ့် ” About Time ” စိတ်ကူးယဉ်ဒရမ်မာသစ်မှာ ဟန်ဆန်းယွန် ၊ လီဆမ်ကျန်းနဲ့ လီဆန်ယွန်းတို့ပါဝင်မှာဖြစ်တယ်လို့သိရပါတယ် ။ 

” Anout Time ” ဒရမ်မာဟာ ကိုယ့်ရဲ့သက်တမ်းအပြင် တစ်ခြားသူတွေရဲ့သက်တမ်းကိုပါမြင်နေရတဲ့ကောင်မလေး ချွိုင်မီချေလာ နဲ့ အချိန်တွေကိုရပ်တန့်နိုင်တဲ့ အမျိုးသားတစ်ဦးတို့ရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် ။ 

ဟန်ဆန်းဟိုကတော့ ချွိုင်ရဲ့အချစ်ဆုံးကျောင်းနေဖက်သူငယ်ချင်း အဖြစ်ပါဝင်မှာဖြစ်ပြီးသူမရဲ့လှပတဲ့အသားအရေ ၊ ထူထဲတဲ့ eye liner ၊ အသုံးအဆောင်တွေကြောင့် လူကြိုက်များတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ် ။ 

မင်းသမီး အင်စီမင်ကလည်းဒီကားမှာပါဝင်သွားမယ်လို့အတည်ပြုထားပါတယ် ။

မေလမှာပြသမှာဖြစ်ပြီး အချိန်ကိုတော့မသိရသေးပါဘူး ။

Advertisements